၂၀၁၆ ခုနှစ်အတွက် ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲမှာ ဇာတ်ကား အထူးဆု ရရှိသွားတဲ့ မနောမြေမှ ကျောက်
စိမ်းကမ္ဘာ ဇာတ်ကားမှ ဇာတ်ဆောင် ဖြစ်သူ မရန် ဆဲင်န် နော် (Maran Seng Naw ) ရဲ့ အသုံး အဆောင်
ပစ္စည်းတွေကို လေလံတင်ရောင်းချပြီး ကချင်ဒေသ တကျော့ပြန် စစ်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ဒုက္ခသည် စခန်းတွေကို ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်ခွန်ဂျာက သူ့ဖေ့စ်ဘုတ်မှာလည်း အခုလို အသိပေး ရေးသားထားပါတယ်။
၂၀၁၇ ခုနှစ် ရုပ်ရှင် အကယ်ဒမီ ပေးပွဲတွင် ရုပ်ရှင်အထူးဆုရရှိသော မနောမြေမှကျောက်စိမ်းကမ္ဘာ ဇာတ်ကားမှ မင်းသား Maran Seng Naw ၏ အသုံးအဆောင် ပစ္စည်းများကို ကချင်ဒေသ တကျော့ပြန်စစ်ကြောင့် ဒုက္ခရောက်နေသော ဒုက္ခသည်စခန်းများသို့ ကူညီပံ့ပိုးရန်အတွက် Concern, Care and Contribute to the IDPs Now Team နှင့် Mali Ingra Volunteer Group မှာ မကြာမီ အချိန်တွင် လေလံတင် ရောင်းချသွားမည် ဖြစ်ပါသည်။ မိဘပြည်သူများ၏ စေတနာ မေတ္တာ အလှူငွေများဖြင့် လေလံဆွဲပေးကြပါရန် လေးစားစွာဖြင့် နှိုးဆော်အပ်ပါသည်။ ကျေးဇူးတင်ပါသည်။
ဒါဟာ ကချင် အမျိုးသား တဦးရဲ့ ကချင်ပြည်နယ်က ဒုက္ခရောက်နေသူတွေအတွက် မမေ့လျော့ဘူးဆိုတာနဲ့ စာနာစိတ်ရှိတယ်ဆိုတာ အထင်အရှားပြသချက်လည်း ဖြစ်ပါတယ်။
အိမ့်သံစဉ် ~

ဓာတ်ပုံ/ Maran Seng Naw

No comments:
Post a Comment