Pages

Tuesday, March 28, 2017

ဒေါ်အောင်ဆန်းစုကြည်နဲ့ကချင် အဖွဲ့တွေတွေ့ဆုံအပြီး ဗိုလ်ချုပ် ဂွမ်မော် က မေးခွန်း ၂ ခုထုတ်

ဒီကနေ့မနက်ပိုင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာ ကချင်ပြည်နယ် မြစ်ကြီးနားကိုသွားရောက်ခဲ့က ကချင်လူထုခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှု အပြီးမှာ ကေအိုင်အို
ဒုဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော်က အချက် ၂ ချက် မေးခွန်းထုတ်လိုက်တာကို သူ့ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။


ကချင် ခေါင်းဆောင်တွေနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် ၂ ဘက်လုံးက စေတနာပါလို့ အားရစရာ ကောင်းတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောသော်လည်း အခုလို မေးခွန်းထုတ်လိုက်တာလည်းဖြစ်ပါတယ်။




 ဒီကနေ့ ကချင်ပြည်နယ်က ဘာသာရေး၊ နိုင်ငံေ၇း၊ အရပ်ဘက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေက သူတွေနဲ့ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က “NCA လတ်မှတ်ရေးထိုးရေး ဆိုတာ KIO ကလည်း လက်ခံထားပြီးသား ဖြစ်ပါတယ်” လို့ပြောကြားခဲ့တဲ့အပေါ် ဗိုလ်ချုပ်ဂွန်မော်က“ KIO အနေနဲ့ NCA ကိုအပြီးသတ် မဆွေးနွေးနိုင်သေးလို့ ဆက်ပြီးဆွေးနွေးနေရတဲ့ အနေအထားဖြစ်ပြီး လက်ခံနိုင်တဲ့အနေအထားရောက်မှသာ NCA ထိုးမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ” လို့ မေးခွန်းထုတ်ထားတာပါ။

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်က “ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေ အားလုံးပါဝင်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေကိုင်စွဲလို့ မရဘူး” လို့ပြောဆိုခဲ့မှုအပေါ်လည်း ပင်လုံ ရဲ့အနှစ်သာရကို ပြန်ပြီးမေးခွန်းထုတ်ရမယ့် အခြေအနေဖြစ်တယ်ဆိုပြီးလည်း သူက ဆက်မေးခွန်းထုတ်ထားတာတွေ့ရပါတယ်။


အိမ့်သံစဉ် ~


No comments:

Post a Comment