Pages

Sunday, March 5, 2017

ဒီဇာတ်လမ်းကို အဆုံးထိ ဖတ်ကြည့်ပါ

အခု ဓာတ်ပုံပါ ဇာတ်လမ်းကို အဆုံးထိ ဖတ်ကြည့်ပါ။ ထိုအခါ ဖြစ်ကြောင်းရယ် ကုန်စင်သိသွားပြီးနောက် ဒီလို ရပ်ကျေးအုပ်ချုပ်ရေးမှူးမျိုး မြန်မာပြည်မှာ များများရှိကြပါစေလို့ ဆုတောင်းမိကြမှာပါပဲ။

Photo/ Myo Sat



 ကျွန်တော်၏ ပိုင်နက်ထဲတွင် ကလေး(၄)ယောက်နဲ့ ခြေတစ်ဖက်ပြတ် လူတစ်ယောက်  (ည-12:00) 


ကလင်းးးကလင်းးးးးး ဖုန်းမြည်သံ နဲ့အတူ အတွေ့အကြုံများလာတာနှင့်အမျှ မျက်လုံမှိတ်လျက် ဖုန်းက  တန်းကိုင်ပြီးသား..


ဟဲလို---အမိန့်ရှိပါခင်ဗျာ၊  ကျွန်တော် ချောင်းကြီး အုပ်ချုပ်ရေးမှူးပါ ခင်ဗျာ။ ဘာများကူညီရမလဲခင်ဗျာ။ ထိုအပြီး ညီလေးရေ အကိုက ရာအိမ်မှူး ကိုထွန်းပါ ဆိုလာတော့ မျက်လုံးဖွင့် ဖုန်းနံပါတ်ကြည့်၍ ဟုတ်ကဲ့အကို ဘာထူးလို့လဲဆိုတော့။

ကလေး(၄)ယောက်နဲ့ ခြေတဖက်ပြတ် လူတယောက်၊စကားလည်း ဝဲတယ်၊ အကို့ အပိုင်ထဲက လမ်းဘေးမှာအိပ်ဖို့ လုပ်နေတာတွေ့လို့ မေးကြည့်တော့ မိုးလင်းရင် ရခိုင် သွားမလို့ပြောနေတယ်။ ကလေးတွေကလည်း
ငယ်ငယ်လေးတွေပဲရှိတယ်။ သားအဖတွေလို့ပြောတယ်။ အိပ်ခွင့်တောင်းနေတယ် အကို။ ဘာလုပ်ရမလဲ ညီလေးရေဟုဆိုလာတော့။

ဘယ်ကလည်း အကိုလို့မေးတော့ ကျုံရစ်ကလို့ ပြောတယ်။ မှတ်ပုံတင်တွေလဲပါတယ်။ စာရွက်စာတမ်း
တွေလဲပါတယ်။ အဲဒါ ညီလေးဆီ သတင်းလှမ်းပို့တာဟု ရာ/မှူး ကပြောလာတော့။
 ဒါဆို ကျုံရစ်ရွာက ဘယ်သူလဲပြန်မေးကြည့်လိုက်အကိုဆိုတော့။ အကိုလဲမသိဘူး မတွေ့ဖူးဘူး ပြန်ဖြေလာတယ်။

ဒီတော့ မေးကြည့်အကိုရာ ကျုံရစ် အုပ်ချုပ်ရေးမှူး နံမည်သိလား၊သိရင်လဲ ဘယ်သူလဲဆိုတာ မေးကြည့်စမ်းအကိုလို့ ကျွန်တော့်ရာမှူးကို ဖုန်းထဲကပဲ လှမ်းသင်လိုက်တော့။

ရာမှူးပြန်ဖြေတာက အုပ်ချုပ်ရေးမှူး ဘယ်သူဆိုတာ မသိဘူးလို့ပြောတယ်ညီလေးရေတဲ့။ ကျွန်တော်
ခေါင်းနည်းနည်းကြီးပီလေ ၊ကျုံရစ်ရွာသားလဲပြောတယ် ။ ကျုံရစ်အုပ်မှူးကို မသိဘူး ဆိုတော့ တွေးပြီး
အရေးကြီးပြီပေါ့စဉ်းစားပြီလေ။ ဒါဆို ခဏစောင့်အကို ကျွန်တော် အခု ချက်ခြင်း လာခဲ့ပါမယ်လို့ လှမ်းပြောရင်း။

အော် အကိုရေ ကျွန်တော်လာတာ လိုအပ်တာရှိရင် အကူညီပေးဖို့ ပါလို့ ကာယကံရှင်ကိုပြောပေးထားပါဦး
နော်လို့ လှမ်းမှာရင်း ဆိုင်ကယ်ပေါ်တက် ချက်ခြင်းထွက်ခဲ့ပါတယ်။ ထို နေရာသို့ ရောက်သောအခါ....

မီးအလင်းအားကောင်းတဲ့နေရာကို ရွေးခြယ်နေရာယူ၍ ထို ပုဂ္ဂိုလ်ကိုခေါ်လာခဲ့ပါအကို ဆိုတော့၊ ကလေး
တွေက အိပ်နေပြီ၊ ကလေးတွေပါ နှိုးခေါ်လာခဲ့ရမလား ညီလေး ဆိုတော့။

ခလေးတွေကို ခဏထားလိုက်ပါအကိုရာ ၊ ထိုလူသာ ခေါ်ခဲ့ဆိုတော့ ထော့နဲ့၊ထော့နဲ့ လှမ်းလျောက်လာတာ လှမ်းမြင်ရတော့ စိတ်ထဲ မကောင်း မိဘူး။

ကဲ ...  အကိုထိုင်ဗျာ ... ရေနွေးကျမ်း သောက်ပါဦးဆိုပြီး ခဏ အချိန်ဆွဲ အမောဖြေစေပြီး ကျွန်တော့်ကို
ကျွန်တော် မိတ်ဆက်ပေးပြီး မေးပြီပဲ။

ကျွန်တော် ဘာများကူညီရမလဲ၊အကိုက ဘယ်ကလဲ အမည်ဘယ်သူလဲ၊ အကို့အကြောင်း လေးတွေ
သိမှ ကျွန်တော်ကူညီလို့ရတာဆိုကူညီပေး လို့ရအောင်ဆိုတော့။ ထိုလူ၏ နဲနဲတင်းမာနေသော မျက်ဝန်းတွေ အရောင်ပျော့သွားခဲ့ပါတယ်။

ထိုလူက ကျွန်တော်က ---------- တပ်ကပါဗျာတဲ့။ ကျွန်တော် ရခိုင်ကို မနက်ပြန်မလို့ ညအချိန်မတော်
ဆိုတော့ ဒီမှာဝင်အိပ်ဖို့ လုပ်နေတာပါတဲ့။

အကိုက ကျုံရစ်ကလား ဆိုတော့၊ ရောက်နေတာ ၈ လလောက်ရှိပြီတဲ့။ မိန်းမက ကျုံရစ်သူပါတဲ့ စာရွက် စာတမ်းတွေ မှတ်ပုံတင်တွေ ထုတ်ပြတော့ အပြန်အလှန်သေချာ
စီစစ်တော့ တပ်ကဆိုတာ ကြိမ်သေပြီ။

ကျုံရစ်သား မဟုတ်လေတော့ကိုယ့် စိတ်ထဲမှာလည်း အော် ဒါကြောင့် ကျုံရစ်အုပ်မှူးဆိုတာ မသိတာဖြစ်
မယ်ပေါ့တွေးရင်းပေါ့။

ဒါပေမယ့် ကျုံရစ်သူဆိုတဲ့ မှတ်ပုံတင် အရှေ့က ၁၄/ညတန(နိုင်)ဖြစ်နေရမယ့် အစား အခြား မြို့ အမည်ဖြစ်
နေတော့ ကျုံရစ်သူဆိုတာ လွဲတော့ လွဲနေတာနဲ့ စိစစ်စရာများရှိတာ ဆက်လက်စီစစ်၍ ..

ကဲ အကိုဒီမှာ ရေနွေးကျမ်းလေး သုံးဆောင်ပါဦးဗျာ၊ ကျွန်တော် အကိုရဲ့ ခလေးတွေ အိပ်နေတာ သွား ကြည့်လိုက်ပါဦးမယ်ဆိုပြီး ၄င်းမှတ်မုံတင်ကတ်အား အိပ်ထဲ ကောက်ထဲ့၍ အခြားကျေးရွာတွင်းက ဆယ်မှူးများနဲ့ ကလေးတွေ အိပ်နေတဲ့ဆီ ချဉ်းကပ်၍ ..

၁၃ နှစ်ခန့် အကြီးဆုံး သားယောက်ျားလေးကိုနှိုး၍ သား အမည်l ဘယ်မှာနေလဲ၊သားဘယ်နှစ်တန်း လဲဆို
တော့ သားက ၇ တန်းဖြေပြီးပီတဲ့၊

ok ဒါဆို သားအဖေ နံမည်၊အမိအမည်၊ဖိုးအမည်တွေ မေး တဲ့အခါ ခလေးဖြေတာနဲ့ မှတ်ပုံတင် စာရွက်စာ
တမ်း ထဲကနဲ့တထပ်တည်းဆိုတော့ စိတ်ပူမိတာတွေ လျော့ကြခဲ့တယ်။

ကလေးနဲ့ခေတ္တစကား ပြောရင်းနွေးထွေး ရင်းနှီးစေမယ့် စကားလုံးများနဲ့ ပြောဆိုဆက်ဆံရင်း သားတို့ ဘယ်သွားမှာလဲ ဆိုတော့ ဖေကြီးခေါ် လာတာတဲ့။

ဘာဖြစ်လို့လဲ သားလေးဆိုတော့ ညနေက မေမေနဲ့စကားများရန်ဖြစ်ကြတယ်ပေါ့ဗျာ၊ ok ဒါဆို ကိုယ်တွက်လို့ရပြီး သားပြန်အိပ်တော့ပေါ့ ပြောပြီး စောင်ချုံပေးခဲ့က ၄င်း ဖခင် ခြေတဖက်ပြတ်ထံ သို့ ပြန်လျောက်ရင်း ကလေးတွေမြေပြင်ပေါ်အိပ်နေတာကြည့်၍ ရင်ထဲကို ဆိုနင့်စွာခံစားခဲ့ရပါတယ်။

အငယ်ဆုံးသမီးလေးက မိခင်နို့မပျက်သေးဘူးဆိုတာလဲ သိလိုက်ရပါတယ်။

ဒီဖြစ်စဉ်မှာ ငါဘယ်လိုကူညီရမလဲ ဆိုတာ ခေါင်းထဲ တန်းစီတွေးရင်း ထိုလူရှိရာ ပြန်လျောက်ခဲ့ပါတယ်။

ကဲအကိုဘယ်လိုဖြစ်ပြီး ရခိုင်ပြန်ဖို့ဖြစ်လာတာလဲ အစချီဆွေးနွေးရင်း အလုပ် လုပ်၍ပင်းပန်းကာ အရက်
တစ်ရာဖိုး သောက်မိ၍ ဇနီးနဲ့စကားများကာ စိတ်ဆိုး၍ မွေးရပ်မြေ ရခိုင်ပြည် သို့ပြန်ရန် ထွက်လာရင်း ခုလို မိုးချုပ်၍ အိပ်ဖို့လုပ်ရကြောင်း ၄င်းမှ ရှင်းပြပါသည်။

ထိုချိန်ကျွန်တော့် အတွေးများတန်းစီ၍ ခြေတဖက် မိုင်းထိ၍ စွန့်လွှတ်ကာ တိုင်းပြည်အတွက် ပြည်သူအတွက် ဘဝကိုပေးဆပ် လို့ဆေးပင်စင်နဲ့ မိသားစု ဘဝတစ်ခု၏ မပြေလည်မှုငွေ ၁၀၀ိ ၏ တန်ဖိုး ထို ငွေ ၁၀၀ ရာသည် မိသားစု စားဝတ်နေရေးအတွက် အရေးကြီးကြောင်း သုံးသပ်မိခဲ့တယ် ။

ကဲ အကို ကျွန်တော် ပြောမယ်ဗျာ ခင်ဗျဟာ စစ်သားဖြစ်တယ်၊ ကျွန်တော်သိထားတဲ့ စစ်သားတွေဟာ တိုင်း
ပြည်ကိုချစ်တယ်။ အမိန့်နာခံ နိုင်စွမ်းရှိတယ်။ အမှားအမှန်ကို ခွဲခြားပြလို့ သိတဲ့အခါ လက်ခံနိုင်စွမ်းလည်းရှိ
ကြပါတယ်၊ အဲဒါ ဟုတ်လားဗျာဆိုတော့ဟုတ်ပါတယ်တဲ့။

၁။ခင်ဗျရဲ့ ဇနီးဟာ အိမ်ထောင်ရေးဖေါက်ပြန်တာ မဟုတ်ဘူး။ ခင်ဗျာဟာ အိမ်ထောင်ရေးဖေါက်ပြန်တာ
မဟုတ်ဘူး။

 ၂။ခင်ဗျားဟာ ငွေကို အလွဲသုံးစားလုပ်တာ မဟုတ်ဘူး၊ ပင်ပန်းမှု့ကို အလွန်နည်းပါးတဲ့ ငွေ ၁၀၀ နဲ့ ဖြေသိမ့်
မိခဲ့တယ်။ ခင်ဗျား ဇနီးဟာ ချွေးနည်းစာ ငွေ ၁၀၀ ကို မိသားစုအတွက် မက်မောတယ်။ ဒါဟာ ဇနှီးကောင်းဖြစ်တယ်။ 

၃။ခင်ဗျားရဲ့ဇနီးဟာ မီးဖိုးချောင်ရဲ့ သခင်ဖြစ်တယ်။ ဒီခေတ်ထဲ မှာ ငွေ ၁၀၀ ကိစ္စဟာ ရယ်စရာဖြစ်ချင်သူတွေအတွက် ရယ်စရာဖြစ်ပြီး ၇ တန်းကျောင်းသားရှိပြီး ခလေး ၄ ယောက်နဲ့ ခြေတဖက်စွန့်လွှတ်ထားရတဲ့
ယောကျာ်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိန်းမ တစ်ယောက်အတွက် ငွေ ၁၀၀ ဟာ မီးဖိုချောင်အတွက် ခလေး မုန့်ဖိုးအတွက် အရေးပါတယ်ဆိုတာ အကိုနားလည်ပေးလိုက်ပါဗျာ 

၎။ခင်ဗျဟာ တိုင်းပြည်ကိုချစ်လို့ ခြေတတဖက်ကို တောင်စွန့်လွှတ်ခဲ့ရတယ်၊တိုင်းပြည်ကိုတောင်ချစ်ရင် ဇနှီး မိသားစုကိုချစ်ရမယ်။ တကယ်ချစ်တယ်ဆိုရင် ကျွန်တော်ပြောတာ ခင်ဗျား လက်ခံနိုင်မှာပါ။

၅။ခင်ဗျားတို့ စစ်သားတွေဟာ ကိုယ့်ကိုကိုယ် မချစ်တက်သူတွေလဲဖြစ်ပြီး အများကိုချစ်တက်သူ တွေလဲဖြစ်ပါတယ်။

၆။ခင်ဗျားဟာနိုင်ငံရဲ့ သားကောင်း အဖြစ် လူတိုင်း မလုပ်နိုင်တဲ့ ပေးဆပ်စွန့်လွှတ်ခြင်းဆိုတာကိုခံယူပြီး လုပ်
ပြခဲ့ပြီးပီ၊ ခင်ဗျား လုပ်ပြဖို့ တစ်ခုပဲကျန်တော့တယ်ဗျ ဆိုတော့ တချိန်လုံးနားထောင်နေတဲ့ ခေါင်း မော့လာခဲ့တယ်။

အဲဒါ မိသားစုကိုချစ်ရမယ် မည်သို့သော မိသားစုမှာ အခက်အခဲတွေ ရှိစေဦးတော့ သားသမီး ၄ ယောက် သူတို့ဘဝတွေ အတွက် ခင်ဗျားတို့ လင်မယားစိတ်ဆိုးကွဲကွာဖို့ မစဉ်းစားပါနဲ့ဗျာ။

 မိသားစုတွေ အစဉ်မပြေတာတွေလည်းရှိနေမယ်။ တိုင်းပြည်အတွက်ပေးဆပ်နိုင်တဲ့ ခင်ဗျားရဲ့စိတ်ဓာတ်
တွေဟာ မိသားစုအတွက် ပေးစပ်နိုင်မယ်ဆိုတာ ခင်ဗျားဟာစစ်သားမို့ ယုံကြည်စွာကျုပ် ပြောတာပါလို့
ပြောလိုက်တော့ ခေါင်းမငြိမ့်ခေါင်းမခါ တွေတွေကြီး ငြိမ်နေလေရဲ့ဗျာ။

ထပ်ပြောလိုက်တယ် ခင်ဗျားအရွယ် ခင်ဗျားဇနီး အရွယ်တွေ နောက်မိန်းမယူလည်းရတယ်။
နောက်ယောက်ျားယူလည်းရတယ်။ နောက်သားသမီး အစားထိုးယူလည်းရတယ်ဗျ။ မရတာက ဟောဟိုမြေ
ကြီးပေါ်မှာအိပ်နေတဲ့ ခင်ဗျားရဲ့သား ၇ တန်းကျောင်းသားလေး၊ နောင်တချိန်တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းမဖြစ်ဘူးလို့မပြောနိုင်တဲ့ ကလးနဲ့ အမေနို့တွယ်၍ အိပ်နေရမယ့် ၉ လ သမီးလေးနဲ့ မောင်နှမ ၄ ယောက်က အဖေ အမေ ဆိုတာ အစားထိုးယူလို့မရဘူးဆိုတာ ခင်ဗျား နားလည်ပါ။

 ကျွန်တောာ်ကတော့ နားလည်တယ်။ ကျွန်တော် ၅ တန်းနှစ်မှာ အဖေ နဲ့ အမေကွဲကွာခဲ့ရပြီး ပြည့်စုံတဲ့ မိသားစုဘဝကိုဆုံးရှုံး ခဲ့တဲ့ သားသမီးတွေ ရင်ဆိုင်ဖြတ်သန်းရတဲ့ ဘဝနဲ့ ခံစားချက်ကို ကောင်းကောင်းသိလို့ ကိုယ်ရင်းစာလို့ ခင်ဗျားကို ကျွန်တော် မေတ္တာရပ်ခံရှင်းပြတာဖြစ်တယ်။

ထပ်ပြောမယ် ခင်ဗျားဇနီးဆီ အခုပြန်ပါ ကျွန်တော် ဆိုင်ကယ်တွေစီစဉ်ပြီး လိုက်ပို့ပေးမယ်။ ခင်ဗျားဟာ စစ်သားကောင်းဆိုရင် ကျွန်တော် အခုပြောတာ အမိန့်ဖြစ်တယ်။

ဆိုတော့ မတ်ခနဲ ကိုယ်ကိုမတ်၍ လေးစားပါတယ်။ အုပ်ချုပ်ရေးမှူးဟု စကား တစ်ခွန်းထပြော၍ ခြေတဖက်အားပြုထောက်ကာ မတ်တက်ထရပ်ပြီး ကျွန်တော်ခုပြန်ပါမည်ဟု တောက်ပသောမျက်ဝန်းတွေနဲ့ကျွန်တော့်
ကြည့်ကာ ချာကနဲဆို မြေကြီးပေါ် အိပ်စက်နေသော သားသမီး တို့ရှိရာကို ထောက်ကြွ ထောက်ကြွ ခြေလှမ်းများဖြင့် လှမ်းလျောက်သွားပါတော့တယ်။

ထိုခြေလှမ်းများသည် မိသားစုအနာဂတ်ရဲ့ သစ်လွင် တောက်ပမြန်ဆန်သော လှပသောခြေလှမ်းများဟု
ကျွန်တော့်အနေဖြင့် မှတ်ယူမိပြီး တာဝန်သိ၍ တာဝန်ရှိသော ကျွန်တော်၏ ရာအိမ်မှူးဘက် လှည့်ကာ ကဲ အကို ကူညီလက်စနဲ့ဆိုင်ကယ် ၃ စီး စီစဉ်၍ လိုက်ပို့ကြရအောင်ဗျာဟု ပြောလိုက်တဲ့အချိန်မှာ ဆိုင်ကယ်တွေကအသင့်ဖြစ်နေပြီး ဥက္ကဌ မလိုက်ပါနဲ့တော့ အိပ်ရေးပျက် တနေကုန်လည်း အလုပ်တွေကများနဲ့ ပင်ပန်းနေပါပြီတဲ့...

ကျွန်တော်တို့ တာဝန်ထားပါ စိတ်ချပါဟု ပြော၍ ထို ပုဂ္ဂိုလ် သားဖ ၅ ယောက်အား ဆိုင်ကယ်ပေါ် တင်၍
ထွက်ခွါသွားကြပါတော့သည်။ 

မျိုးဆက် 

အုပ်ချုပ်ရေးမှူး

ချောင်းကြီးကျေးရွာအုပ်စု

ချောင်းကြီးကျေးရွာ-ညောင်တုန်းမြို့နယ်
မအူပင်ခရိုင်-ဧရာဝတီတိုင်းဒေသကြီး
၁၄/ညတန(နိုင်)၁၁၈၁၃၄

09 782727207 2-3-2017(ည 12:00)



No comments:

Post a Comment