မြန်မာ အစိုးရ သမ္မတ ဦးထင်ကျော်ဟာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံကို ဧပြီလထဲမှာ နိုင်ငံတော် ခရီးစဉ်
အဖြစ် အလည်အပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သမ္မတ ဦးထင်ကျော်ဟာ ဧပြီလ ၆ ရက်နေ့မှ ၁၁ ရက်နေ့ထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင့်၏ ဖိတ်ကြားမှုနဲ့ တရုတ်နို်င်ငံကို အလည်အပတ်သွားမှာဖြစ်တဲ့ အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန မစ္စတာ လူခန်းက ယနေ့သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။
အခုလို သမ္မတ ဦးထင်ကျော်ရဲ့တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ်အတွင်း ၂ နိုင်ငံ ဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စများကို ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ မြန်မာ့အရေး လေ့လာသူများက သုံးသပ်ကြပြီး ထူးခြားတဲ့ ဖြစ်ထွန်းမှုတွေတော့ ရှိလာမှာ မဟုတ်ဘူးလို့ သူတို့က ခန့်မှန်းကြပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment