Pages

Sunday, March 26, 2017

ရခိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုခိုင်လုံရင် မြန်မာပြည်မှာ တရားစွဲဖို့ စီစဉ်ပေးမယ်

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ တကယ်ခိုင်လုံတယ်ဆိုရင်
နိုင်ငံ တကာ ကာကွယ်စောင့်ရှောက်မှုအစီအစဉ်နဲ့ မြန်မာနိုင်ငံမှာ တရား ဥပဒေနဲ့အညီ လာရောက်တရား စွဲဆိုဖို့ စီစဉ်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။





နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်အရ မြန်မာအစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလေးထားဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင်းက ရဲကင်းများ တိုက်ခိုက်ခံရပြီးနောက် စွပ်စွဲချက်တွေ အရှိန်မြင့်လာပြီး စွပ်စွဲချက်တွေ မှန်ကန်မှုရှိ/မရှိ သေချာ သိနိုင်ဖို့ မြန်မာအစိုးရက ဒု သမတ ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ကို တာဝန်ပေးခဲ့ကြောင်း၊ ရခိုင် ပြည်နယ်တွင်းက အခြေအနေဟာ အထိအခိုက်မခံကြောင်း၊ အကယ်၍ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းခဲ့ရင် ပြဿ နာ ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

 မတ်လ ၂၄ ရက်နေ့က အီးယူက တင်သွင်းတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဂျနီဗာ ကုလ လူ့အခွင့်အရေး ကောင်စီက မဲခွဲဆုံးဖြတ်ပြီး ရခိုင်ပြည်နယ်အရေး လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့တာပါ။ ဒါကို မြန်မာအစိုးရက လက်မခံ ငြင်းပယ်ထားပါတယ်။

ငြင်းပယ်ချက် အပြည့်အစုံကတော့...


အိမ့်သံစဉ် ~

No comments:

Post a Comment