နည်းပညာတွေ အချိန်နဲ့ အမျှ ပေါက်ကွဲဆန်းသစ်နေချိန်မှာ စက်ရုပ်ဆိုတာ သိပ္ဗံခေတ်ကို ကြီးမားတဲ့ အချိုး
အကွေ့ဖြစ်စေခဲ့တာပါ။ ဒီကနေ့ ဆို စက်ရုပ်တွေရဲ့အခန်းကဏ္ဍဟာ ပိုပြီး ကျယ်ပြန့်ပေါများလာနေပါတယ်။ ဒီ စက်ရုပ်ဆိုတဲ့ စကားလုံး ဘယ်သူက စတင်တီထွင်ခဲ့တာလဲ?
ဒါပေမယ့် စက်ရုပ်ဆိုတဲ့ စကားလုံး ROBOT ဆိုတာ ဘယ်သူက စတင်ခဲ့တာလဲဆိုတာ သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။
လူသားကဲ့သို့ အလိုအလျှောက် ပြုမူ၊ သယ်ယူ ပို့ဆောင် လုပ်ကိုင် နိုင်စွမ်းရှိတဲ့ စက်ကို စက်ရုပ် ဆိုတဲ့ စကားလုံး ROBOT ကို ပထမဆုံး သုံးစွဲမိတ်ဆက်ပေးခဲ့တဲ့သူကတော့ ချက် လူမျိုး စာရေး ဆရာ Karel Čapek ဆိုသူပါပဲ။
၁၉၂၀ ခုနှစ်မှာ ထုတ်ဝေဖြန့်ချီခဲ့တဲ့ သူ့ရဲ့နာမည်ကြီး ပြဇာတ်တပုဒ် ဖြစ်တဲ့ ရိုဆမ်ရဲ့ စင်္ကြဝဠာ စက်ရုပ်များ- Rossum's Universal Robots (R.U.R.) ဆိုတာမှာ ဒီ စက်ရုပ်ဆိုတဲ့ ROBOT ဆိုတဲ့ စကားလုံးကို စတင်အသုံးပြုခဲ့တာပါ။
(R.U.R.) ဆိုတာ စက်ရုပ်လို့ ခေါ်တဲ့ လူသားအလား အသက်ရှင် လှုပ်ရှား သွားလာပြုမူနေထိုင်သကဲ့သို့ စက်တွေကို ထုတ်လုပ်တဲ့ စက်ရုံအကြောင်းရေးသားထားတာပါ။
သူ့ပြဇာတ်ထဲမှာတော့ အဲဒီ စက်ရုပ်တွေဟာ စွမ်းဆောင်ရည်ဟာ တီထွင်မှုအပေါ် မူတည်ပြီး အစွမ်းထက်ကြပေမယ့် သူတို့မှာ လူသားတွေလို မူလ တွေးခေါ်တတ်တဲ့ ဥာဏ်မရှိဘူး၊ စိတ်ခံစားမှု မရှိဘူးလို့ ရေးသားခဲ့ပါတယ်။ Karel Čapek ကိုယ်တိုင်ကတော့ ဒီစကားလုံးကိုတီထွင်ခဲ့တာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် သူ့ညီအကိုတော်၊ ဆေးသုပ်သမား၊ စာရေးဆရာ ဖြစ်တဲ့ Josef Čapek ကတော့ ဒီစကားလုံးကို အဓိပ္ဗာယ်ဖွင့်ပြခဲ့ပါတယ်။
ROBOTA ဆိုတဲ့ စကားလုံးဟာ စာသားအားဖြင့် အလုပ်ကြိုးစားခြင်းလို့ ချက်ဘာသာစကားမှာ ပြဆိုထားပါတယ်။ တနည်းအားဖြင့်လည်း Work/ Labour လို့လည်း စလာဗစ် ဘာသာစကားတွေမှာဖွင့်ဆိုပြထားပါ
တယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment