မြန်မာနိုင်ငံကနေ စစ်ဘေးကြောင့် ထွက်ပြေးလာပြီး ထိုင်းနိုင်ငံတွင်းမှာ လာရောက်နေကြတဲ့ မြန်မာ ဒုက္ခသည် ၇ သောင်းလောက်ကို နေရပ်ပြန်ကြဖို့ ထိုင်းအစိုးရက ပန်ကြားမှာ ဖြစ်တယ်လို့ ထိုင်းတပ်မတော် တတိယ တပ်မဟာ ဒုတိယ ဗိုလ်ချုပ်ကြီး Vijak Siribansop က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံတွင်း ရောက်နေကြတဲ့ မြန်မာဒုက္ခသည် ၇ သောင်းနီးပါးရဲ့ကိစ္စကို ထိုင်းတပ်မတော် တတိယ တပ်မဟာက တာဝန်ယူထားရတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် အခုလို ပြန်ပို့ရေးမှာ မိမိသဘောဆန္ဒအလျှောက် ပြန်လိုသူတွေကိုသာ ပြန်ပို့ပေးမှာဖြစ်တယ်လို့သူက ပြောတာကို ဘန်ကောက်ပို့စ်က ကြာသပတေးနေ့က ဖော်ပြထားပါတယ်။
သူက ဆက်ပြောတာမှာတော့ မြန်မာအစိုးရဘက်ကလည်း ဒီ မြန်မာ ဒုက္ခသည်တွေ နေထိုင်ဖို့ပြင်ဆင်ထားပြီးဖြစ်သလို အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်နေတာဟာလည်း အောင်မြင်မယ့် ပုံရှိတယ်လို့ ဆိုပါတယ်။
မြန်မာဒုက္ခသည် ပြန်တဲ့ အခါ လုံခြုံစိတ်ချရမှုတွေနဲ့အတူ သိက္ခာရှိရှိ ဖြစ်စေဖို့ ထိုင်းဘက်ကလည်း အဓိက ဦးစားပေးလုပ်ဆောင်မှာလို့ဆိုပါတယ်။
ဒီကိစ္စကို ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR က ငွေကြေးပံ့ပိုးသွားမှာဖြစ်ပြီး ထိုင်းအစိုးရကလည်း ပူးပေါင်းဆောင်ရွက်သွားမှာလို့သူက ဆက်ပြောထားပါတယ်။
ဒုက္ခသည်စခန်းတွေထဲက မြန်မာဒုက္ခသည်တွေထဲက တော်တော်များများကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအရ ပြန်လိုချင်းလည်းမရှိကြဘူးလို့ကာယကံရှင်တွေက ပြောလို့သိရပါတယ်။
အထူးသဖြင့် မကြာသေးခင်က အလားတူအစီအစဉ်မျိုးနဲ့ ပြန်သွားကြတဲ့ ဒုက္ခသည်တွေဟာ လူ/ကယ်/ပြန်က တာဝန်ယူမယ်ဆိုပြီး ဖြစ်သလို ပစ်ထားတာခံရတယ်လို့ လည်း သိရပါတယ်။
တချို့ဆို အခုထိ လူ/ကယ်/ပြန် အဆောက်အဦမှာ ဆင်းဆင်းရဲရဲ နေရဆဲဖြစ်ပြီး မူလက ပေးထားတဲ့ ကတိတွေလည်း ဘာတခုမှ အကောင်အထည်ဖော်တာမျိုး မရှိဘူးလို့ဆိုကြပါတယ်။
ထိုင်းနိုင်ငံတွင်း ဒုက္ခသည် စခန်းတွေမှာ ရောက်နေကြတဲ့ မြန်မာဒုက္ခသည် အများစုဟာ တတိယနိုင်ငံတွေကိုပဲ ပြောင်းရွှေ့အခြေချ နေထိုင်လိုကြပြီး နေရပ်ရင်း ပြန်ဖို့ ဆန္ဒမရှိကြဘူးလို့ ကာယကံရှင်တွေက ပြောကြပါတယ်။
အိမ့်သံစဉ် ~
မယ်လ ဒုက္ခသည် စခန်းရောက် ဒေါ်အောင်ဆန်းစုကြည်

No comments:
Post a Comment