ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၅ နာရီ ၅ မိနစ်ကျော်လောက်မှာ ရန်ကုန်မြို့ အနီး ဗဟုပြုတဲ့ မြေငလျင် တခု လှုပ်ခတ်သွားခဲ့ပါတယ်။
ကမ္ဘာအေး မြေငလျင် စခန်းကနေ အနောက်တောင်ဘက် ၁၃ မိုင်ခန့် ကွာဝေးတဲ့ ရန်ကုန်တိုင်း တွံတေးမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၄ မိုင်လောက် အကွာမှာ ဗဟုပြုပြီး အင်အား ရစ်ချတ်စ်တာ စကေး ၄ ရှိတဲ့ ငလျင် လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
ရန်ကုန်မြို့ခံတွေ အပြောအရ ငလျင်လှုပ်တာ အချိန်ကြာမြင့်ကြောင်း၊ငလျင်ငယ်များဆက်တိုက်လှုပ်နေသေးကြောင်းသိရပါတယ်။
ငလျင်နဲ့ပတ်သက်တဲ့ အပျက်အစီး အဆုံးအရှုံး ဘယ်လောက်ရှိမယ်ဆိုတာ အခုထိ သတင်းတွေထုတ်ပြန်လာတာမတွေ့ရသေးပေမယ့် တွံတေး ဒေသခံတချို့ အဆိုအရ အဆောက်အဦး၊ စေတီပုထိုး ထိခိုက်မှု အနည်းငယ်တော့ ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် တိကျတဲ့ သတင်းအချက်အလက်မရသေးပါဘူး။
အိမ့်သံစဉ် ~
No comments:
Post a Comment