Pages

Saturday, March 11, 2017

ငါ့ရှင် ဝီရရေ .... (ဦးဝီရသူ ဖတ်ဖို့ စာ )

တရားဟောခွင့် တနှစ် ပိတ်ပင်ခံလိုက်ရသော ဦးဝီရသူကို ဦးဓမ္မရသ က ဝမ်းမြောက်ကြောင်း စာတစောင် ရေးသားထားပါတယ်။



ငါ့ရှင်ဝီရရေ
ညီတော်နောင်တော်စိတ်ဓာတ်နဲ့အခုလထဲမှာကိုဘဲမလွန်ဖို့မကျွံဖို့စေတနာရှေ့ထားသတိစကားပြောခဲ့ပါလျက်နဲ့ဖြစ်မှဖြစ်ရလေကွာ။
အခုလိုဖြစ်သွားတာအရမ်းဝမ်းသာမိပါတယ်။ 
အဲဆုံးအောင်တော့ဖတ်နော်။မင့်ကိုယ်စားဝမ်းသာပေးတာနော်။
မင့်ကိုယ်မင်းတော့မမြင်တော့အတော်ဂုဏ်ယူဝံ့ကြွားနှုတ်စည်းမရှိ ပြောချင်ရာပြော တာဝန်ယူကျောထောက်နောက်ခံပေးထားမယ်လို့ မြှောက်ပေးထားတဲ့အုပ်စုရှိနေတော့အထိန်အကွပ်ကိုမရှိတော့တာ။
ရဟန်းသံဃာအနေနဲ့ထိတ်လန့်တုန်လှုပ်စရာကောင်းလောက်အောင်ခံစားရနေမိတယ်။
အခုမင့်ကိုယ်စားတကယ်ဝမ်းသာရပါတယ်။
ငါ့လူတော့တနှစ်အတွင်းရဟန်းကိစ္စဇောက်ချလုပ်နိုင်တော့မယ်လို့တွေးပေးမိရင်းဝမ်းသာမိတာပါကွာ။
ဟုတ်တယ်လေတို့များရဟန်းဆိုတာ။ရဟန်းရဲ့အဓိကတာဝန်ပြီးဆုံးအောင် ရဟန်းကိစ္စပြီးဆုံးအောင်လုပ်မယ်ဆိုတဲ့အန္တိမစိတ်ကြီးနဲ့ ရဟန်းအဖြစ်ခံယူလိုက်ကြတာမဟုတ်လား။

မင်းတို့ငါတို့သာထမင်းတနပ်စာရဖို့ဘယ်လောက်ချွေးတွေခွန်အားတွေစိုက်ထုတ်ပြီးမိုးလင်းမိုးချုပ်အလုပ်လုပ်နေကြရတဲ့တို့ဆွမ်းဒကာအများပြည်သူတွေရဲ့ဒုက္ခကိုဘယ်လိုဘဲတွေးစာနာကြည့်အုံးဘာမှမလုပ်ဘူးတဲ့တို့တွေကထပ်တူကိုယ်ချင်းစာမိပါ့မလား။

အဲဒီလိုတွေးမိချိန်များစားမယ့်ဆွမ်းတောင်မျိုမကျဖြစ်မိဖူးသလား။
အဲဒီဆွမ်းအကြွေးကိုဘယ်လိုဆပ်မယ်လို့များစဉ်းစားမိဖူးလဲ။
တွေးကြည့်ရင်တောင်ကြောက်စရာကြီးပါ။

ရဟန်းကိစ္စပြီးဆုံးအောင်လုပ်ပါမယ် ရဟန္တာဖြစ်သည်အထိကျင့်ကြံပါမယ်ဆိုလို့တို့များဆွမ်းဒကာတွေကလေသူတို့တောင်ပုံမှန်မစားဘူးတဲ့စားကောင်းသောက်ဖွယ်တွေကို တို့များကမြိန်ရည်ရှက်ရည် စားနေကြတာများသူတို့မစားရပေမယ့်ဘယ်လောက်ဝမ်းသာပီတိဖြစ်နေကြသလဲဆိုတာ တို့များအကြိမ်ကြိမ်
ကြုံဖူးကြပါရဲ့နော်။

အဲဒီတော့တို့များရဲ့အဖမဟာကျေးဇူးတော်ရှင်အဖမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကတို့များစားသုံးနေကြတာဟာပန်းပဲဖိုထဲကနီနီရဲရဲသံသွေးခဲကိုမြိုနေကြတာဘဲလို့သတိစကားထင်ထင်ရှားရှားဆုံးမထားခဲ့တာပေါ့။အလွန်အင်မတန်လောင်းကြေးကြီးတဲ့ရဟန်းဘဝပါနော်။
ရဟန်းကိစ္စ ပြုကျင့်ရင်းမပြီးခဲ့ရင်တောင်အနည်းဆုံးနော့မျက်မှောက်ဆွမ်းကျွေးထားခဲ့ကြတဲ့ဆွမ်းဒကာဒါယိကာမတွေထံမှာကူလီစာရင်းငှားစသဖြင့် ခန္ဓာနဲ့ပြန်တော့ဆပ်သင့်ကြတာပေါ့နော်။ဒါဓမ္မတာဘဲလေ။မဖောက်မပြန်အမှန်မဟုတ်လား။
နိယာမသဘောအရဘယ်အရာမှအလကားမရဘူးလေ။ဒါ့ကြောင့်အခုရဟန်းဘဝကလောင်းကြေးကြီးလွန်းတယ်မဟုတ်လား။ ငါရဟန်းဘဲဆိုပြီးမှိန်းစားနေခဲ့ရလည်းဒီပမာဏအတိုင်းပြန်ပေးပေတော့။ပြန်ဆပ် ကြေအောင်ဆပ်ဘဲ။
မတားမြစ်ခင်အထိတော့ငါ့လူကအရမ်းကိုမိုးမမြင်လေမမြင်နဲ့ မြှောက်စားလို့တောက်ကြွားနေတယ်လို့ကိုယ်ုကိုယ်ကိုထင်နေပုံကိုရတယ်။
မင့်ကအခြားသံဃာတွေထက်လူတွေနဲ့ပိုစပ်ယှက်တော့လူတွေရဲ့ ကောက်ကျစ်မှုကိုပိုသိမှာမို့ဆရာလုပ်သလိုမပြောတော့ပါဘူး။

မင့်ကိုဘယ်လိုဘယ်သူတွေတောင်ထဲထည့်လိုက်လဲ။ဘယ်လောက်တောင်အပြစ်ကြီးလို့လဲ။အပြစ်အလျောက်ထည့်လိုက်တာလား။သူတို့အတွက်ဆူးငြောင့်ခလုတ်ဖြစ်လို့လား။
သူတို့ဘက်ပါဖို့ဘယ်လိုစည်းရုံးခံရလဲ။

သူတို့ဘက်ပါလိုက်တော့မှသူတို့ကိုတုန်းကပြောဆိုပြုမူတာထက် အဆပေါင်းများစွာပြင်းပြင်းထန်ထန်လုပ်တော့သူတို့ဘာပြောလည်း။

ကန့်ကွက်လား အားပေးအားမြှောက်တောင်ပြုပေးလား။မင့်အခုပြုမူလုပ်ဆောင်သလိုသာသူတို့တွေကိုလုပ်ရင်မင့်ဘာဖြစ်လောက်ပြီထင်လဲ။အပြန်အလှန်ဆင်ခြင်သုံးသပ်နိုင်ဖို့ရေးပြတာပါ။

အရပ်ထဲကခပ်ပေါ့သွပ်သွပ်လူကိုမြှောက်ပေးတော့ဂွေးတက်အောင်ကသလိုကိုဖြစ်နေတဲ့မင့်အဖြစ်ကိုကြည့်ပြီးမင့်ကိုယ်စားလူဖြစ်ရှုံးတယ်လို့မချိတင်ကဲခံစားမိပါရဲ့။
တခုရှိတာကမင့်မလဲမင်းအကြောင်းနဲ့မင်း  ကိုအောင်သောင်းကငွေထုပ်ပစ်ပေးပြီး ဒီလိုဒီလိုလုပ်ပြောတဲ့အတိုင်းမလုပ်တော့ရင်တော့ ဘယ်လိုလုပ်ပါ့မယ်လို့ပြောလို့ငွေဘယ်လောက်ပေးထားတယ်ဆိုပြီးဖော်မှာဆိုလို့များပေါက်တဲ့နဖူးမထူးဘူးဆိုပြီး မထူးဇာတ်ခင်းနေတာလားတောင်မသိဘူးလို့မင့်ကိုယ်စားဝင်ပြီးတွေးခံစားပေးမိပါရဲ့။

သံဃာကိုနှောင်ကြိုးမပါလှူကြတာဘဲရှိပါတယ် ဒါ့ကြောင့်မင်း   အောင်သောင်းပေးခဲ့တာအတွက်လည်းဘာမှသူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင်လိုက်လုပ်နေစရာမလိုပါဘူး။မင့်မလုပ်တော့လို့လည်းပေးထားတဲ့ငွေထုပ်ပြန်ပေးဆိုပြီးလူသိရှင်ကြားပြန်တောင်းရဲကြမှာမဟုတ်ပါဘူး။

မင့်အနေနဲ့သဘောရိုးနဲ့အလှူ မှတ်လို့အလှူခံခဲ့တာဆိုတာနဲ့ကိစ္စပြတ်ပါတယ်။
တစ်ခုတော့ရှိတယ်လူတွေမှာလိုစာချုပ်ချုပ်ပြီးဘာလုပ်ပေးပါမယ်လို့လက်မှတ်ထိုးပေးခဲ့မိရင်တော့မတတ်နိုင်ဘူးပေါ့။

တစ်ခုပြန်သတိကပ်မိအောင်တော့အသိပေးချင်တယ်။ မင်းကိုပေးနေတဲ့ငွေတွေကလူ့ဘုံမှာဘဲသုံးစားရတယ်ဆိုတာပါဘဲ။

မင့်ကိုယ်စားရင်နာတာကလူတွေရဲ့ငွေပေးတာနဲ့ခိုင်းဖက်အသုံးချခံဖြစ်ရတာကိုမြန်မာ့ဗုဒ္ဓဘာသာသမိုင်းမှာမင့်ကြောင်သာဘဲလူအခိုင်းပြန်ခံရတယ်ဆိုတာမှတ်တမ်းတင်သွားတာကိုဘဲ။

သူသေဆိုသေသူရှင်ဆိုရှင်ထင်တိုင်းပြုနိုင်တဲ့သက်ဦးဆံပိုင်ဘုရင်တွေလက်ထက်မှာတောင်မင့်လိုရဟန်းမပေါ်ခဲ့တော့။မင့်ကသာဗုဒ္ဓဘာသာသမိုင်းမှာတစ်ဦးတည်းသောအခိုင်းခံရဟန်းဖြစ်ခဲ့ရတယ်။ဒါသေသေချာချာပြန်ဆင်ခြင်မယ်ဆိုရင်သံဃာအားလုံးကိုလည်းအကြည်ညိုလျော့သွားစေပါတယ်။

ငါ့ရှင်ရှေ့မကြာခင်ကနှစ်အချို့လောက်သာပြန်ငဲ့ကြည့်လိုက်ပါ။ရဟန်းဝတ်နဲ့သာဆိုရင်ဘယ်ပြည်သူကမဆိ ၅ ရက်တစ်ပတ်သင်္ကန်းစည်းသူတောင်ဘယ်ပြည်သူကမဆိုသံဃာပါလားဆိုတဲ့ရည်မှန်းစိတ်နဲ့ကိုယ်ရင်ငယ်လေးကိုတောင်ဦးတိုက်ဝတ်ပြုကြလေ့ရှိတယ်။

အခုငါ့လူရဲ့စည်းမဲ့ကမ်းမဲ့ပြောထွက်မှုတွေပြုခဲ့တဲ့အကျိုးရလာဘ်ကြောင့်ဝီရသူလိုသံဃာများလားဆိုတဲ့ဆင်ခြင်ပံဆင်ခြင်နည်းကထွန်လင်းတောက်ပခဲ့တဲ့သာသနာ့အရှိန်ဟာငါ့လူကြောင့်မှေးမှိန်သေးသိမ်ခဲ့ရပြီ။
ဒါ့ကြောင့်အခုလိုတနှစ်နှုတ်အနားပေးလိုက်တာဟာလည်းငါ့ရှင်ကို ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကကယ်တင်လိုက်တာပါလားလို့ ထင်ထင်ရှားရှားဆင်ခြင်မိပြီး ငါ့ရှင်ကိုယ်စားဆရာသခင်ကျေးဇူးရှင်ကြီးများကိုအကြိမ်ကြိမ်ဦးနှိမ်ကန်တော့မိပါရဲ့။ကျေးဇူးရှင်ကြီးများကဥပေက္ခာမပြုဘဲမလိမ်မာတခါမိုက်သားဆိုးကို အပါယ်လမ်းလားနေတာဆွဲတယ်ကယ်မပြီးပြီမို့။
ငါ့ရှင်ကဒီတနှစ်အတွင်းရဟန်းကိစ္စအပြီးလုပ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အနည်းဆုံးတော့မဂ္ဂင်ရှစ်ပါးအစအမှန်မြင်တတ်တဲ့သမ္မာဒိဌိတစ်ပါးပြန်ရလာပြး (အမြင်မှန်ပြန် ရ လာ
ပြီး)အများပြည်သူတွေခံစာနေရတဲ့လူမှု ဒုက္ခက လွတ်မြောက်အောင် ပြည်သူအများတာဝန်ပေးမှသာ      တိုင်းပြည်ကိုတာဝန်ခံအုပ်ချုပ်စေနိုင်ပြီးပြည်သူကတာဝန်မပေးတဲ့လူကဝင်လုယူတာမျိုးမဖြစ်နိုင်စေဖို့ပြည်သူမလိုတော့တယ်အချိန်ဖယ်ပေးပြီးပြည်သူလိုလားတဲ့သူသာတာဝန်ခံဆောင်ရွက်စေရမယ့်   မှန်ကန်ဆီလျော်တဲ့စနစ်ဖြစ်ဖို့တို့အားလုံးကထမင်းရှင်ဆွမ်းရှင်တွေရဲ့ကောင်းကျိုးကိုသာလိုလားသူတွေဖြစ်ကြရအောင်ကျင့်ကြံနိုင်ကြဖို့ယခုစာနဲ့အတူညီတော်နောင်တော်စိတ်ဓာတ်နဲ့ငါ့ရှင်အကျိုးလိုးလား၍စေတနာဇောနဲ့စောကြောဝေဖန်ပြလိုက်ရပါတယ်ငါ့ရှင်။

မိမိကိုယ်ကိုကောင်းစွာစောင့်ရှောက်နိုင်စေသောဝ်
ဓမ္မရသ


No comments:

Post a Comment