လန်ဒန်မြို့ရဲ့ အသည်းနှလုံးနေရာလို့တင်စား ခေါ်ရတဲ့ Westminster နန်းတော် ပါလီမန် အဆောက်အဦအနီး ဒေသစံတော်ချိန် နေ့လယ်ပိုင်းက အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း စုစုပေါင်း သေဆုံးသူ ၄ ဦးရှိသွားပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိကြောင်း နောက်ဆုံး သတင်းများအရ သိရပါတယ်။
ဓားကိုင်သူ အမျိုးသား တဦးက ပါလီမန်အဆောက်အဦအပြင်ဘက်မှာ ရဲ အရာရှိ တဦးကို ဓားနဲ့ ထိုးခဲ့ရာ အဆိုပါ ဓားကိုင်သူအား အခြား လက်နက်ကိုင် ရဲတဦးက အသေပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။
အခုနောက်ဆုံး သတင်းများအရ ဓားနဲ့အထိုးခံရတဲ့ ရဲအရာရှိလည်း သေဆုံး သွားခဲ့ပြီဖြစ်တာကြောင့် အခု
အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ၄ ဦး ရှိသွားတာဖြစ်တယ်လို့သိရပါတယ်။
တဆက်တည်း Westminster တံတားပေါ်တွင်လည်း ကားတစီးက လိုက်တိုက်တဲ့ အကြမ်းဖက်မှုတဆက်တည်း ဖြစ်ပွားခဲ့တာမှာ ဒါဇင်နဲ့ ချီတဲ့ လူတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး အဆိုပါထဲက အမျိုးသမီး ၁ ဦးနဲ့နောက်တဦးလည်း အသက်ဆုံးခဲ့ရကြောင်း လန်ဒန် ရဲက အတည်ပြု ပြောကြားလိုက်ပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment