Pages

Thursday, March 2, 2017

အမရပူရက အသက်မပြည့်သေးသည့် အိမ်အကူကို နှိပ်စက်ညှင်းပန်းမှု

မြန်မာနိုင်ငံက ရင်နင့်ဖွယ် အဖြစ်ဆိုးတခုပါ။ တတ်နိုင်သမျှ ဝိုင်းဝန်း မျှဝေပေးစေချင်ပါတယ်။
( မန္တလေးတိုင်း အမရပုရမြို့ နယ်မှာ အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု့ )

ညှင်းပန်းနှိပ်စက်ခံ ပအိုဝ့်အမျိုးသမီးငယ်၊ ဓာတ်ပုံ၊ အောင်မြင့်ဖေ့စ်ဘုတ်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီး 'ဟိန်းအာကာ' အပ်ချုပ်ဆိုင်တွင် လာ
ရောက် အလုပ်လုပ်ကိုင်နေသော အိမ်အကူ မအေးကြင်(ပအိုဝ့်တိုင်းရင်းသူ) ၁၄ နှစ် အဖ ဦးအိုက်နွမ်း (ကွယ်လွန်) အမိ ဒေါ်အေးကြွယ် လာရှိုးမြို့နယ် နမ့်မွန်းကျေးရွာတွင် နေထိုင်သူ အိမ်အကူမိန်းကလေးအား ဆိုင်ရှင်
ဖြစ်သူ ဒေါက်တာ ဦးအိုက်စံ၊ ဇနီး ဒေါ်ဆောင်း တို့မှ နှိပ်စက်ညှင်းပန်းနေသည်ဟု တာဝန်သိပြည်သူ 
တယောက်မှ လာရောက်တိုင်တန်းသဖြင့် တောင်သမန်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကျော်စိန်နှင့် အဖွဲ့မှ သွား
ရောက်ကယ်တင်၍ မိန်းကလေးအား လုံခြုံသောနေရာတွင် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။

ဖြစ်စဉ်မှာ ဦးအိုက်စံနေအိမ်တွင် အိမ်အကူအဖြစ် တစ်လလျှင် ကျပ်ငွေ ငါးသောင်းငါးထောင်ဖြင့် လာရောက်လုပ်ကိုင်နေသည်မှာ သုံးလခန့်ရှိပြီဟု သိရပါသည်။ 

စတင်ရောက်ရှိသော လတွင် ပျော်ရွှင်အောင် ထားသော်လည်း နောက်ပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်
ခြင်းကို ခံခဲ့ရပါသည်။


ညှင်းပန်းနှိပ်စက်မှုများ

ပိုင်ရှင်ဖြစ်သူ ဦးအိုက်စံမှ လက်သီးဖြင်ထြိုးခြင်း, ခြေထောက်ဖြင့်ကန်ခြင်း , ပါးရိုက်ခြင်း, ရေဇလုံထဲတွင် မျက်နှာနစ်၍ အသက်ရှူ၍မရအောင် ပြုလုပ်ခြင်း, လက်ကိုအပ်ဖြင့် လေးခိက်စိုက်၍ ပလာရာဖြင့် ဆွဲနှုတ်ခြင်း, ဒူးခေါင်းကို အပ်ဖြင့်စိုက်ပီး တူနှင့်အချက်ပေါင်းများစွာရိုက်နှက်ခြင်း, မျက်နှာကိုအဝတ်စည်း၍ မော်တာမောင်းထားသော ရေပိုက်ဖြင့် ထိုးနှက်ခြင်း, ဆံပင်ဆွဲ၍ နံရံနှင့်တိုက်စေခြင်း, ဝိုင်ယာကြိုးဖြင့် ရိုက်နှက်ခြင်း, တာယာဖိနပ်ဖြင့် ပါးရိုက်ခြင်း တို့က်ု ပြုလုပ်ခဲ့ပါသည်။


မဖွယ်မရာပြုလုပ်ရန်ခိုင်းစေခြင်း

အမျိုးသမီးငယ်အား အိမ်ရှင်အမျိုးသမီးမှ ခန္ဓာကိုယ်အပေါ်ပိုင်းအား ကိုယ်လုံးတီးချွတ်၍ အိမ်ရှင်အမျိုးသား၏
ရှေ့တွင် ပြသခြင်းကို ခံခဲ့ရပါသည်။ 

ဝိုင်ယာကြိုးဖြင့် ရိုက်နှက်၍ ငိုမိသောအခါ ပီနံအိတ်ထဲထည့်ပီး ရေနစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ အမျိုးသမီးငယ်၏ မိဘများမှာ မိခင်သာရှိ၍ စားဝတ်နေရေး မပြေလည်သူများ ဖြစ်ကြပါသည်။ 

ယခုဖြစ်စဉ်အား အမရပူရမြို့နယ် ရဲစခန်းတွင် ၂၈.၂.၂၀၁၇ ရက်နေ့တွင် သွားရောက်တိုင်တန်းခဲ့သော်လည်း အိမ်ရှင်ဖြစ်သူ အမျိုးသားအား ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်ဟု သိရှီရပါသည်။

ယခုကဲ့သို့  လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှု ဖြစ်စဉ်အား အများသိစေရန် ဝိုင်းဝန်း ကုညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ 

ယခုဖြစ်စဉ်အား ကျွန်တော်ကိုယ်တိုင် ကာယကံရှင် အမျိုးသမီးငယ်နှင့် သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များကို ကုညီဆောင်ရွက်ပေးနေပါသည်။


သတင်းမီဒီယာများ ဆက်သွယ်မေးမြန်းလိုပါက
နိုင်ရဲဝေ ~

၀၉-၉၇၂၂၂၂၀၀၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။




No comments:

Post a Comment