Pages

Tuesday, March 28, 2017

သြစီအခြေစိုက် တရုတ်ပညာရှင်ကို တရုတ်နိုင်ငံက ပြည်ပထွက်ခွာခွင့်ပိတ်ပင်

သြစတေးလျနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရ တရုတ် ပညာရှင် တဦးကို တရုတ်နိုင်ငံက နိုင်ငံတော် လုံခြုံရေး အန္တရာယ်ရှိမှုဆိုင်ရာ သံသယရှိတယ်ဆိုပြီး တရုတ်နိုင်ငံမှ ပြန်လည် ထွက်ခွာခွင့် ပိတ်ပင်လိုက်ပါတယ်။



သြစတေးလျနိုင်ငံ ဆစ်ဒနေမြို့သို့ ပြန်လာမယ့် တရုတ်နိုင်ငံဖွား မစ္စတာ Feng Chongyi ဟာ လွန်ခဲ့တဲ့ ၃ ပတ်ကျော်က တရုတ်နှစ်သစ်ကူး အဖြစ် မိခင် တရုတ်နိုင်ငံကို တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ ပြန်သွားခဲ့ပြီးနောက် အခုလို သံသယနဲ့ လေဆိပ်က ပေးမထွက်တော့တာပါလို့ သူ့ရဲ့ရှေ့နေက ဆိုပါတယ်။

 Feng Chongyi က သြစတေးလျနိုင်ငံရဲ့ သတင်းမီဒီယယာလောကအပေါ် တရုတ်ရဲ့သြဇာ ကြီးထွားလာနေတယ်လို့ လူသိရှင်ကြားပြောခဲ့သူလည်း ဖြစ်ပါတယ်။

သြစီမှာ ရှိတဲ့ မစ္စတာ ဖန်း ရဲ့ သူငယ်ချင်းက ABC သတင်းဌာနကိုပြောတာမှာတော့ မစ္စတာ ဖန်း ကို သြစီကို လာမယ့် ဂွမ်ဇူး လေဆိပ်မှာ စနေနေ့ညက ပိတ်ပင်ခဲ့တာလို့ပြောပြီး ၂ ရက်အတွင်းပဲ မစ္စတာဖန်းက ပြန်ထွက်ဖို့ကြိုးစားတာလည်း ထပ်မံ ပိတ်ပင်တာလို့ဆိုပါတယ်။

မစ္စတာ ဖန်းဟာ University of Technology Sydney မှာ  associate professor တဦးဖြစ်ပြီး တရုတ်နိုင်ငံက လူ့အခွင့်အရေး ရှေ့နေတွေကို ဖြိုခွဲခဲတဲ့ ကိစ္စ သုတေသန လုပ်နေတဲ့ အဆုံးသတ်ခရီးစဉ်အပြီးမှာ အခုလို တရုတ်ပြည် ပြည်ပ ထွက်ခွာခွင့်ကို ပိတ်ပင်ခံလိုက်ရတာလို့ သိရပါတယ်။

သူ့ကိုလည်း တရုတ်အာဏာပိုင်တွေက ခရီးစဉ်အတွင်း ဘယ်ပညာရှင်တွေနဲ့တွေ့ပြီး ဘာတွေ ပြောသလဲဆိုတာ ထပ်ခါတလဲလဲ မေးမြန်းခံနေရတယ်လို့လည်း သိရပါတယ်။



အိမ့်သံစဉ် ~ 


Ref; Australia-based academic prevented from leaving China on suspicion of ‘endangering national security’

No comments:

Post a Comment