Pages

Saturday, March 18, 2017

ဦးဝီရသူနဲ့ အဖွဲ့ကို မိတ္ထီလာက တရားစွဲဖို့ ပြင်ဆင်နေ

တရား ဟောမှုကို တနှစ်တာ ပိတ်ပင်ခံထားရတဲ့ ဦးဝီရသူဟာ မနေ့က မိတ္ထီလာမှာ ဝဇီပိတ်တရားပွဲကို ကျင်းပရင်း နိုင်ငံတော် သဃာ မဟာနာယကအဖွဲ့ရဲ့ အမိန့်ကို ဆက်လက်အံတုနေပါတယ်။




ဦးဝီရသူနဲ့ အဖွဲ့ဟာ ယာဉ်တန်းနဲ့ မိတ္ထီလာကိုလာစဉ် အရပ်သားကားတစီးနဲ့ အဆင်မပြေဖြစ်ခဲ့ရာက ဦးဝီရသူနဲ့ ပါလာသူ ယာဉ်တန်းပေါ်က လူများက အဆိုပါ ကားပေါ်က လူများကို ရန်ရှာခဲ့တယ်လို့သိရပါတယ်။

 မိတ္ထီလာ မြို့ခံတဦးက ပြောရာမှာတော့ ဦးဝီရသူရဲ့ယာဉ်တန်းနဲ့ပါလာတဲ့ လူမိုက်တစုက မိတ္ထီလာမြို့ခံကားတစီးနဲ့ အဲဒီကားပေါ်က ပါလာသူတွေကို ရန်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက် တရားစွဲဆိုဖို့လည်း ပြင်ဆင်နေတယ်လို့ကြားသိရပါတယ်။

ဒီအပြင် ခြိမ်းခြောက်မှုတွေ ဆက်လုပ်ပြီး သူတို့ယာဉ်တန်းဟာ အလှူ တခုရှိရာကို ဆက်သွားခဲ့တာလို့ဆိုပါတယ်။ ဦးဝီရသူကတော့ မင်္ဂလာဇေယျုံ ရပ်ကွက်က ရှင်ပြု နားသ အလှူပွဲ တခုမှာ ဝဇီပိတ်ပြီး အသံသွင်းထားတဲ့ တရားခွေကို ဖွင့်ကား ဝဇီပိတ်တရားပွဲ အမည်တပ်ပြီး ပရိသတ်ကို ဟောပြောခဲ့တယ်လို့ သိရပါတယ်။

 မိတ္ထီလာ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ခွင့်ပြုချက်မရပဲ အခုလို ဖီလာဆန့်ကျင်ကာ တရားဟောပြောမှုတွေဆက်လုပ်နေတာဟာ လက်ရှိအစိုးရကို စိန်ခေါ်နေတာသာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဦးဝီရသူရဲ့ တပည့် လူမိုက်များက မိတ္ထီလာကို လွန်ခဲ့တဲ့ ကာလတွေကလည်း လာရောက်ခဲ့ပြီး ကုလား/ဗမာ အဓိကရုဏ်းဖန်တီးကာ မြို့ကို မြို့ပျက်ကြီး ဖြစ်အောင် လုပ်ဆောင်ခဲ့ကြတယ်လို့လည်း မြို့ခံတွေက ပြောဆိုကြပါတယ်။

ဦးဝီရသူရဲ့  အမုန်းတရား ဖြန့်ချိမှု၊ လူသတ်သမားများအား အားပေးချီးမြှောက်မှု၊ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး ၄င်းအား ဖမ်းဆီးရေး အမှုဖွင့် တိုင်ကြားမှုများလည်း ဆက်တိုက် တိုးပွားလာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ သမ္မတ ဦးထင်ကျော် အစိုးရက အခုထိ အစွန်းရောက်မျိုးချစ်တရားများနဲ့ အမုန်းတရားများဖြန့်ဝေနေတဲ့ ဦးဝီရသူကို ဖမ်းဆီးမှုမရှိသေးတဲ့ အပေါ် မိတ္ထီလာဒေသခံတွေအပြင် နိုင်ငံ
အဝန်းက လူများက စိတ်ပျက်နေကြတယ်လို့လည်း သိရပါတယ်။

သို့သော်လည်း သာသနာရေး ဝန်ကြီးဌာနကတော့ မကြာမီ ဦးဝီရသူကို ဖမ်းဆီးထိန်းသိမ်း အရေးယူရေးကို စနစ်တကျ စီစဉ်နေပြီလို့လည်း နီးစပ်သူတွေက ပြောနေကြပါတယ်။





မောင်မောင်ကြီး ( မန္တလေး ) ~





No comments:

Post a Comment