သံပုယိုသီးစိပ်ကို အိပ်ယာနားထားအိပ်ရင် ...
သံပုယိုသီးဟာ မြန်မာစာဖတ်ပရိသတ်တွေအတွက် နှစ်ခြိုက်တဲ့ အသီးဆိုတာ ပြောစရာ လိုမယ် မထင်ပါဘူး။
သံပုယိုသီးဟာ မြန်မာစာဖတ်ပရိသတ်တွေအတွက် နှစ်ခြိုက်တဲ့ အသီးဆိုတာ ပြောစရာ လိုမယ် မထင်ပါဘူး။
သံပုယိုသီးကို စားသုံးကြတာကတော့ ဖျော်ရည်အဖြစ်သောက်တာဖြစ်ဖြစ်၊ဟင်းချက်တဲ့ အထဲ ထည့်သုံးတာဖြစ်ဖြစ်၊အသား၊ ငါးတို့ကို အရည်ဆမ်းပြီး သုပ်စားတာ၊ ကင်စားတာ၊ချက်စားတာဖြစ်ဖြစ်၊ အသုပ်၊ဟင်းချိုစတာတွေမှာ အရည် ညှစ်ထည့်တာဖြစ်ဖြစ်၊ဒီလိုပဲ သံပုယိုသီးရဲ့ အသုံးဝင်ပုံကို ယေဘူယျ သိထားကြမယ်ထင်ပါတယ်။
ဒါပေမယ့် သံပုယိုသီးဟာ စာဖတ်ပရိသတ်တွေ ထင်ထားတာထက် ပိုပြီး အကျိုးများပါတယ်။ အခု ဒီ ပို့စ်မှာ မိမိကိုယ်တိုင်လုပ်တဲ့ သဘာဝ သံပုယိုသီး လေသန့်ခြင်းကို ဘယ်လို လုပ်ရမယ်ဆိုတာ ရှင်းလင်းရေးသားပြပါ့မယ်။
စာဖတ်သူတွေလည်း သြော်.. သံပုယိုသီးက ဒီလောက်ထိ ဘဝကို အတော်ကြီး အထောက်အကူပေးတာပါလားဆို ပြီး အံ့သြကြမယ်လို့မျှော်လင့်ပါတယ်။
လုပ်ပုံလုပ်နည်းကလေးကတော့ လွယ်ကူရှင်းလင်းပါတယ်။
လိုအပ်တာကတော့ သံပုယိုသီး တလုံးပါ။ ပြီးရင်း သံပုယိုသီးကို လေးစိပ်ကို အောက်ခြေမပြတ်အောင် စိပ်ခွဲ
ပြီး ပန်းပွင့်လေးပုံဖြစ်နေအောင် လုပ်ရပါ့မယ်။ ပြီးရင် အဲဒီ သံပုယိုသီး စိပ်တွေကြားထဲ ဆား နည်းနည်း ထည့်လိုက်ပါ။ ဒါဆိုရင် ပြီးပါပြီ။ ဒီလောက် လွယ်ကူတဲ့ သံပုယိုသီးစိပ်နဲ့ ဆားတို့ရဲ့ ဓာတ်ပြုမှုဟာ စာဖတ်သူတွေကို အလွန်ပဲ အံ့သြသွားစေမယ်လို့ ထင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အခုလို သံပုယိုသီးစိပ်ထဲ ဆားဖြူးထားတာလေးကို မိမိရဲ့ အိပ်ရာ ကုတင်ဘေးနားမှာ ချထားလိုက်ပါက ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ပေးမှာ မုချအမှန်ပါပဲ။
၁။ စိတ်ဖိစီးမှုတွေ ပျောက်ကင်းမယ် ( သုတေသန ပြုချက်တွေအရ သံပုယိုသီးရနံ့ဟာ ဦးဏှောက်ကို အနားပေးစေလို့ပါပဲ)။
၂။ မိမိစိတ်တွေကို ပိုမို စုစည်းနိုင်ပါ့မယ်။ သံပုယို ရနံ့ဟာ သင့်စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ကောင်းမွန်စေတိုးတက်စေ ပါတယ်။ အလားတူ မှတ်ဥာဏ်တွေ ပိုကောင်းလာပြီး သင် အာရုံစူးစိုက်မှုတွေကို ပိုအားကောင်းအောင် အထောက်အကူ ပြုစေပါတယ်။
၃။ ခန္ဓာကိုယ်မှာ စွမ်းအင်တွေကို အားကောင်းစေပြီး ပိုမိုသန်မာစေပါတယ်။ သံပုယိုသီးကို ပါးပါး လှီးပြီး အဲဒီ အပြားလေးတွေက သင့်မနက်ခင်းတိုင်းကို စိတ်ကြည်လင်စွာနဲ့ ရှင်သန်ခြင်းကို ပေးပါတယ်။ အကြောင်းက သံပုယိုသီး ရနံ့ဟာ ခန္ဓကိုထဲက စဲရိုတိုနင် ( Serotonin) ထုတ်လုပ်မှုကို ပိုမိုအားကောင်းစေတာကြောင့် ဒီ ဓာတ်ဟာ သင့် စိတ်ပျော်ရွှင်မှုကို ပိုပိုပြီး ဖြစ်စေတာပါ။
၎။ သွေးတိုးသမားတွေအတွက် သွေးကျစေတဲ့ ဓာတ်တွေကို သံပုယိုသီးက ထုတ်လုပ်ပါတယ်။ သံပုယိုသီး ရနံ့ ကုထုံးဟာ တကယ်ပဲသွေးတိုးမှုကို ပျောက်ကင်းနိုင်ပါတယ်။
၅။ သင့် အိပ်ယာအနီးပါတ်ဝန်းကျင်မှာ ဘယ်လို ပိုးကောင်မွှားကောင်တွေမှာ မရှိတော့ပါဘူး။ သံပုယိုသီးကို သဘာဝ နည်းလမ်းအတိုင်း ခြင်တွေကို ပြေးအောင် လုပ်ဆောင်ပေးနိုင်ပါသေးတယ်။
သတိထားစရာ တခုပဲ ရှိပါတယ်။ တချို့ က သံပုယိုသီးနဲ့ ဓာတ်မတည့်တဲ့ Allergy ရှိတတ်တာကြောင့် ဒီလို မသုံးခင်မှာ သက်ဆိုင်ရာ သင့်ဆရာဝန်နဲ့ မိမိမှာ သံပုယိုသီးနဲ့ ဓာတ်မတည့်မှု Allergy ရှိ/ မရှိ စိစစ်သင့်ပါတယ်။
အိမ့်သံစဉ် ~
( မှတ်ချက်။ မူလက ဒီပို့စ်ကို ရှောက်သီးဟု မှားယွင်းစွာ ရေးသားခဲ့မိပါ၍ ယခု အမှန်ဖြစ်သော သံပုယိုသီးဟု ပြန်လည်ပြုပြင်လိုက်ပါကြောင်း စာဖတ်သူများကို အနူးအညွတ်တောင်းပန်အပ်ပါတယ်။ )
( မှတ်ချက်။ မူလက ဒီပို့စ်ကို ရှောက်သီးဟု မှားယွင်းစွာ ရေးသားခဲ့မိပါ၍ ယခု အမှန်ဖြစ်သော သံပုယိုသီးဟု ပြန်လည်ပြုပြင်လိုက်ပါကြောင်း စာဖတ်သူများကို အနူးအညွတ်တောင်းပန်အပ်ပါတယ်။ )
Source:www.davidwolfe.com
No comments:
Post a Comment