Pages

Thursday, March 23, 2017

လန်ဒန်က တိုက်ခိုက်မှု ကျူးလွန်သူ၏ အမည် စကော့တလန်ယာဒ်က ထုတ်ပြန်

ယမန်နေ့က လန်ဒန်ရဲ့ အသည်းနှလုံးနေရာဖြစ်တဲ့ ဝက်စ်တ်မင်စတာ နန်းတော်၊ ပါလီမန် အဆောက်အအုံအပြင်ဘက်က တိုက်ခိုက်မှု ကျူးလွန်သူအမည်ကို ဗြိတိန် စကော့တလန်ယာဒ်ရဲ အဖွဲ့က ထုတ်ပြန်လိုက်ပါပြီ။

လန်ဒန် တိုက်ခိုက်မှုကို ကျူးလွန်သူ ခါလစ် မာဆုဒ် ၊ ဓာတ်ပုံ/ AP

 Kent နယ်မှာ မွေးဖွားခဲ့သူ၊ လက်ရှိမှာ West Midlands မှာနေထိုင်တယ်လို့ ယုံကြည်ရတဲ့ ခါလစ် မာဆုဒ် ( Khalid Masood ) ဟာ လန်ဒန်က တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူ ဖြစ်လို့ စကော့တလန်ယာဒ် ရဲအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ ဘီဘီစီ ကြားဖြတ်သတင်းမှာ ဖော်ပြပါတယ်။

 အသက် ၅၂ နှစ်ရှိ ခါလစ် မာဆုဒ်ဟာ ယမန်ေန့က ဝက်စ်တ်မင်စတာ တံတားပေါ်က လမ်းသွားလမ်းလာတွေကို ကားတစီးနဲ့ လိုက် တိုက်ခဲ့ပြီး သူမောင်းလာတဲ့ ကားဟာ တံတားဘောင်ကို တိုက်မိပြီး ရပ်တန့်သွားချိန်မှာ ကားထဲက ထွက်လာပြီး ပါလာတဲ့ ဓားနဲ့ ကားတိုက်ခံရလို့ လဲကျနေတဲ့ ရဲအရာရှိကို ထိုးသတ်ပါတယ်။

အဲဒီအချိန်မှာ အခြား လက်နက်ကိုင်ရဲ တဦးက ခါလစ် ကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ခါလစ်လဲ နောက်ပိုင်းမှာ သေဆုံး သွားခဲ့တယ်။

ကားတိုက်ခံရပြီး ဓားထိုးခံရတဲ့ ရဲအရာရှိလဲ သေဆုံးခဲ့ပါတယ်။ IS စစ်သွေးကြွအဖွဲ့လို့ ခေါ်တဲ့ အကြမ်းဖက် အဖွဲ့ကတော့ ဒီ တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ရှိခဲ့တယ်လို့ သူတို့က ကြွေးကြော်လိုက်ပါတယ်။

ခါလစ်ရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် တိုးရစ်တဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင်း ခါလစ် အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။ 

ယမန်နေ့က တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လန်ဒန်နဲ့ ဘာမင်ဂန်ဒေသတွေမှာ အခုလို ဖမ်းဆီးထိမ်းသိမ်းလိုက်တာ လူ ၈ ဦး ရှိသွားပါပြီ။

 တိုက်ခိုက်မှုမှာ အသုံးပြုတဲ့ ကားကတော့ ကျောင်းဆရာ တဦးက ငှားရမ်းထားတဲ့ ကားဖြစ်ပါတယ်တဲ့။

မြို့တော် ရဲတပ်ဖွဲ့က ပြောတာကတော့ ခါလစ် က ဘာရည်ရွယ်ချက်နဲ့ ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သလဲ ဆိုတာ စံစမ်းစစ်ဆေးဆဲဖြစ်ပြီး ယခင်ကတည်းက ရဲတပ်ဖွဲ့က ခါလစ်ကို သိထားပြီးသားဖြစ်နေပါတယ်။

သူ့ကို ရဲမှတ်တမ်းမှာ ပြင်းထန်စွာ ထိခိုက်နာကျင်စေခြင်း ၊ လက်နက်ကိုင်ဆောင်မှုနဲ့ လူထု လုံခြုံရေး အနှောက်အယှက်ဖြစ်မှုတွေဖော်ပြထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

 ပထမဆုံး သူဟာ ၁၉၈၃ ခုနှစ် နိုဝင်ဘာလမှာ ရာဇဝတ်မှုဖြစ်တဲ့ ဖျက်ဆီးမှုမှတ်တမ်း ဖြစ်ခဲ့ပြီး နောက်ဆုံး ကတော့ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ဓား ကိုင်ဆောင်မှု ဆိုပြီး မှတ်တမ်းမှာတွေ့ရပါတယ်။

 အခုထိတော့ သူဟာ အခြား အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 ကား အငှား ကုမ္ဗဏီက ပြောတာကတော့ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ကားဟာ ဘာမင်ဂန်မှာရှိတဲ့ Spring Hill က ငှားရမ်းထားတာလို့ ဆိုပါတယ်။

ဘီဘီစီက နားလည်တာကတော့ ဒီ ဟွန်ဒိုင်း Hyundai SUV ကားကို သူ ကိုယ်တိုင်ငှားရမ်းရတာဖြစ်ပြီး သူ့ အလုပ်အကိုင်ကို ကျောင်းဆရာအဖြစ် အမည်ပေးခဲ့တာလို့ ဆိုပါတယ်။

 ဘီဘီစီ ~


Ref; London attack: Khalid Masood identified as killer



No comments:

Post a Comment