ဥရောပ သား တဦးဖြစ်ရေးဟာ တကယ်တော့ မလွယ်လှပါဘူး။ အလားတူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ချက်သမ္မတ နိုင်ငံမှာ နိုင်ငံသား ဖြစ်ဖို့ဆိုရင် မလွယ်လှပါဘူး။
ချက်နိုင်ငံသား ဖြစ်ဖို့ဆိုတာ စည်းကမ်း ဥပဒေတွေက များလှပါတယ်။ နိုင်ငံသား ဖြစ်ဖို့ ဆိုတာ အလုပ်ပါမစ် ရှိတာ၊ ချက် ဘာသာစကား ကို ဘီ ၁ အဆင့် အောင်မြင်ဖို့နဲ့ အမြဲတမ်း နေထိုင်ခွင့် ရပြီးသား ဆိုရင်တောင် အနည်းဆုံး ချက်နိုင်ငံမှာ တဆက်တည်း ၅ နှစ်နေထိုင်မှု မှတ်တမ်း စတဲ့ စတဲ့ အခြားသော ဥပဒေဆိုင်ရာ စည်းကမ်းချက်တွေက အများသာပါ။ ဒီကိစ္စတွေက နိုင်ငံခြားသားတဦးအတွက် အတော်ပဲ ခက်ခဲပါတယ်။
အထူးသဖြင့်တော့ ဥရောပက ဗြိတိန်ခွဲထွက်မှု ဆိုတဲ့ Brexit နဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရန့် သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ဥရောပ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိရဲ့ ကျင်ယာဘက်အတွက်သော်လည်းကောင်း အမြဲတမ်း နေထိုင်ခွင့်ဆိုတာ ရဖို့ ပိုခက်ခဲလာပါတယ်။
ယူရိုငွေကြေးမသုံးစွဲသေးပဲ ချက် ခရိုနာကိုသာဆက်လက်သုံးစွဲနေတဲ့ ချက်နိုင်ငံမှာ မကြာခင်က ချက်အစိုးရရဲ့ အဆိုပြုချက်ကတော့ နိုင်ငံခြားသားတွေအတွက် ငွေကြေးတတ်နိုင်ရင် နိုင်ငံသား ဖြစ်ခွင့် ပေးတော့မှာဖြစ်ပါတယ်။
အခု ဥပဒေကြမ်းအသစ်ဟာ ချမ်းသာတဲ့သူတွေအနေနဲ့ ချက်နိုင်ငံမှာ ချက်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ချက်နိုင်ငံသားဖြစ်ဖို့ ရှိလာပါပြီ။ ချက်နိုင်ငံသား ဖြစ်ခြင်းဟာ ဥရောပ နိုင်ငံသား ( European ) ဖြစ်တာပါပဲ။
အကယ်၍ နိုင်ငံခြား သား တဦးဟာ ချက်ငွေကြေး ဖြစ်တဲ့ ချက်ခရိုနာ သန်း ၅၀ ကို ချက်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး ဒေသတွင်းမှာ အလုပ်အကိုင် အနည်းဆုံး ၂၀ ကို ဖန်တီးနိုင်ရင် အမြဲတမ်းနေထိုင်ခွင့်ကို ထုတ်ပေးမှာဖြစ်သလို နိုင်ငံသား ဖြစ်ခွင့်ပါ အခွင့်အရေးပေးလာပါတယ်။
စက်မှု ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန အဆိုအရ အခု အဆိုပြုချက် ဥပဒေသစ်ဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ချက်နိုင်ငံကို ဝင်ရောက်လာရေး နဲ့ နေထိုင်ရေးဆိုင်ရာ အုပ်ချုပ်ရေး ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကြီးကို လျော့ကျစေလိမ့်မယ်လို့ပြောပါတယ်။ ဒါဟာ ကာလရှည်တလျှောက်လုံး ဒီ ဝန်ထုပ်ဝန်ပိုးကြီး ရှိနေခဲ့တာပါ။
အခုဆိုရင် အဆိုပြုချက် ဥပဒေအသစ်အရ အရင်နေထိုင်မှု မပါပဲ ချက် နိုင်ငံတွင်းမှာ ၂ နှစ်ထိ ရေရှည် နေထိုင်မှုမှတ်တမ်းရပြီဆိုရင် အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် နိုင်ငံသား ဖြစ်ခွင့် အခွင့်အရေး ရတော့ဖြစ်ပါတယ်။
တဖက်မှာလည်း အခြားသော ဥပဒေသတွေနဲ့ ချက်နိုင်ငံ ဥပဒေကို မချိုးဖောက်စေရေး အကာအကွယ်လုပ်ထားမှုတွေတော့ ရှိပါတယ်။
ဥပမာအားဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတဦးအနေနဲ့ ဘယ်လို ကုမ္မဏီကိုမဆို တည်ထောင်ခွင့်လည်း ပေးထားပါတယ်။ ကုမ္မဏီတခုရဲ့မန်နေဂျာ အရေအတွက်ကိုတော့ ၅ ဦးထက် မပိုစေရလို့ကန့်သတ်ထားတာမျိုးပါ။
ဒီအပြင် အစုရှယ်ယာဝင်တဦးအနေနဲ့သော်လည်း ပူးတွဲ ပိုင်ရှင် အဖြစ်သော်လည်း တဦးတည်းအဖြစ်သော်လည်း သူတို့ရဲ့ကုမ္မဏီမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု အချိုး ရှိဖို့ လိုတယ်လို့လည်း ထပ်ဖြည့်ထားပါတယ်။
အခု ဥပဒေကြမ်းသာ အတည်ပြုခဲ့မယ်ဆိုရင် ချက် သမ္မတ နိုင်ငံဟာ အနောက် ဥရောပ နိုင်ငံတွေရဲ့ ခြေရာကို လိုက် နင်းလိုက်တယ်ပြောရမှာပါ။
အထူးသဖြင့် ဥရောပ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်ဖို့ ကြိုးစားလိုက်တာပါပဲ။ အလားတူ ပေါ်လစီမျိုးနဲ့ အရင်က ကြိုးစားခဲ့ဖူးသလို အခုဟာက ကနေဒါနဲ့သြစတြေးလျနိုင်ငံတွေ ချမ်းသားတဲ့သူတွေကို ပစ်မှတ်ထားတာဖြစ်ပါတယ်။
အထူးသဖြင့်တော့ တရုတ်နိုင်ငံက သူတွေကို အဓိက ပစ်မှတ်ထားတာဖြစ်တယ်လို့ ဆိုရမှာပါပဲ။
အိမ့်သံစဉ် ~

No comments:
Post a Comment