Pages

Tuesday, March 21, 2017

အမေရိကန် ပြည်ထောင်စုနဲ့ စစ်တိုက်ဖို့အဆင်သင့်ရှိဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားနိုင်ငံက ဒေါ်နယ်ထရန့်ရဲ့ အမေရိကန် ပြည်ထောင်စုနဲ့ စစ်ပွဲ ဆင်နွှဲဖို့အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။




နျူးကလီးယားပဲဖြစ်ဖြစ် မစ်ဆိုင်း ဒုံးကျည်တွေနဲ့ပဲ ဖြစ်ဖြစ် လက်ဦးမှု ရယူပြီး စစ်ရေးဆောင်ရွက်ချက်တွေ လုပ်လာရင်လည်း မြောက်ကိုရီးယားက ကြောက်နေမှာ မဟုတ်ဘူးလို့လည်း မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်ပါသေးတယ်။

 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က မကြာသေးမီက မြောက်ကိုရီးယားအနေနဲ့ နျူးကလီးယား ကိစ္စ အစီအစဉ်တွေ ကြိုးစားလုပ်ဆောင်နေတာ ရပ်တန်းက မရပ်ခဲ့ဘူးဆိုရင် ဒီထက်ပိုပြီး ဖိအားပေးတာတွေ လုပ်ဖို့ရှိကြောင်းနဲ့ စစ်ရေးအရပါ အရေးယူတာတွေအပါအဝင် ပိုတင်းကြပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ ရှိတယ်လို့ မှတ်ချက်စကား ပြောကြားပြီး နောက် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက အခုလို မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုနဲ့ စစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့်ရှိတယ်လို့ ပြောလိုက်တာပါ။~

ဒီသတင်း အပြည့်အစုံကို ဒီနေရာမှာလည်း ဖတ်နိုင်ပါတယ်။



အိမ့်သံစဉ် ~

No comments:

Post a Comment