Pages

Thursday, March 23, 2017

မြန်မာ့ရွှေဆိုင်းနဲ့ ဂျပန်ရွှေဆိုင်းနည်းပညာ

မြန်မာဟာ ရွှေဆိုင်းခတ်တဲ့ ပညာရပ်ဟာ ကမ္ဘာမှာ မြန်မာဟေ့ လို့ ကြွေးကြော်နိုင်ခဲ့ကြပြီး ဘယ်သူမှ ယှဉ်လို့မရနိုင်ခဲ့ဘူးလို့ ထင်မှတ်ခဲ့ကြတာပါ။



မန်းလေးမှာ နိုင်ငံခြားသား တိုးရစ်တွေလာတဲ့အခါ မြန်မာ့ရွှေဆိုင်း ခတ်တဲ့ ပညာရပ်ကို သူတို့ကို နားလည်အောင် ကျမတို့ တိုးရစ်ဂိုဒ်တွေ ရှင်းပြပြီး မြန်မာ့ရွှေဆိုင်းပညာရပ်နဲ့ ဂုဏ်ယူခဲ့ဖူးကြပါတယ်။

ရွှေဆိုင်းပြားဆိုတာကလည်း ကျမတို့ မြန်မာတွေအတွက် ဘုရားရွှေချတာအပါအဝင် အမြတ်တနိုး လူ့အသုံးအဆောင်ပစ္စည်းတွေမှာ သုံးလေ့ ရှိပါတယ်။

 ဒါပေမယ့် ဒီကနေ့နည်းပညာတွေချမ်းသာကြွယ်ဝတဲ့ ဂျပန်က လူအားနဲ့ မဟုတ်ပဲ စက်အားနဲ့ရွှေဆိုင်းပြား
ခတ်တာကို မြင်တွေ့ရတဲ့ အခါ အတွေးတွေ တသီကြီးနဲ့ မင်သက်မိပါတယ်။

ဂျပန်ရွှေဆိုင်းပြားဟာ ၁၆ ရာစုကတည်းက သူတို့ရဲ့ ရိုးရာ ရွှေဆိုင်းခတ်တဲ့ ပညာရပ်ကို အခုခေတ်စက်မှု
နည်းပညာနဲ့ ပေါင်းစပ် ထုတ်လုပ်လိုက်တဲ့ အခါ အလွန်ပဲ ထုတ်ကုန်တွေကအချိန်တိုအတွင်း များပြားလှပါ
တယ်။

 ဒါဟာ ကျမတို့ အတွက် ကြီးမားတဲ့ သင်ခန်းစာ တခုလို့ပြောရမှာပါ။

 ကျမတို့ မြန်မာတွေဟာ မိမိတို့ရဲ့ ရိုးရာ ဓလေ့အရ ပိုင်ဆိုင်ထားတဲ့ လက်မှု လုပ်ငန်းတွေကို စက်မှု လုပ်ငန်းတွေအဖြစ် တီထွင်ကြံဆမှု အားနည်ချက်တွေ အခုထိ ရှိနေတယ်လို့ နားလည်ပါတယ်။

 အခုတော့ ဂျပန်နိုင်ငံက ရွှေဆိုင်းခတ်တဲ့ နည်းအတိုင်း စက်ယန္တယားကို သုံးပြီး နည်းစနစ်ကျကျ ရွှေအစစ်နဲ့ ရွှေဆိုင်းပြားခတ်ကာ မြန်မာ့ရွှေဆိုင်းကို ဂျပန်မှု ပြုလိုက်ပါပြီ။ တချိန်က ဂျပန်ရွှေဆိုပြီး ပြောတဲ့ဟာက တကယ်တော့ ရွှေအစစ်မဟုတ်ပါဘူး။ ရွှေရေစိမ်ဆေးရည်တွေလို့ပဲ မြန်မာတွေ သိခဲ့ကြတာပါ။

ဒါပေမယ့် အခု ဂျပန် ရွှေဆိုင်းကတော့ တကယ့် ရွှေအစစ်နဲ့ ခတ်လုပ်ထားတာဖြစ်ပြီး ဒါဟာ ၁၆ ရာစု
ကတည်းက ရိုးရာကို ထိမ်းသိမ်း မွမ်းမံထားတာလို့ သိရပါတယ်။

မြန်မာ့ရွှေဆိုင်းကတော့ စက်အားမပါပဲ လူအားကိုသာ အခြေခံ အသုံးပြုထားပြီး ထုတ်ကုန်ပမာဏက နည်းပါးလွန်းပါတယ်။

နည်းပညာခေတ်ကြီးမှာ ကျမတို့မြန်မာ့ရိုးရာထုတ်ကုန်ပစ္စည်းတွေကို စက်မှုနည်းပညာနဲ့ ပေါင်းစပ်မှုအပိုင်းကို ပိုမို အကောင်အထည်ဖော်ဖို့အတွက် အစိုးရရော၊ နိုင်ငံသားတွေကပါ အားထုတ်ကြိုးပမ်းကြရပါလိမ့်မယ်။


 ဂျပန်ရွှေဆိုင်း နည်းပညာ

   




မြန်မာ့ရွှေဆိုင်း နည်းပညာ






အိမ့်သံစဉ် ~



No comments:

Post a Comment