ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှာ ရှိတဲ့ ပြည်ထောင်စု လမ်းမပေါ် ၂၅ ရပ်ကွက်မှာ ရှိတဲ့ ဦးလူမော်တို့ အကြင်လင်မယားပိုင်ဆိုင်တဲ့ သစ်သားအိမ်ကလေးဟာ အိမ်တိုင်ပါ မကျန် ချွတ်ယူခိုးယူခြင်း ခံလိုက်ရပါတယ်။
ဒီအကြောင်းကို ဦးလူမော်က သူ့ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေနဲ့တကွ ဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလို ဖော်ပြထားပါတယ်။
ရန်ကုန်မြို့တောင်ဒဂုံမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုလမ်းမပေါ် ၂၅ ရပ်ကွက် ယောက်ကော်ပန်းခြံ အရှေ့မှာရှိတဲ့ ကျွန်တော်တို့ဇနီးမောင်နှံပိုင်ဆိုင်တဲ့ မြေကွက်ထဲမှာရှိတဲ့ ပျဉ်ထောင်အိမ်ကို အိမ်တိုင်ပါမကျန် ချွတ်ယူပြီးခိုးယူခြင်းခံခဲ့ရပါပြီ။
ဒီနေ့ ကျွန်တော်ဆိုင်နဲ့ သုံးမိနစ်သာကားမောင်းသွားရင်ကွာဝေးတဲ့ နေရာမှာရှိတဲ့အိမ်လေးရှေ့ကို ဖြတ်သန်းသွားစဉ် ထူးဆန်းစွာဖြင် အိမ်အားမတွေ့ရှိတော့ပဲဖြစ်သွားတာနဲ့ ကားရကိုနောက်ပြန်ဆုတ်ပြီး အံသြတကြီး
ကြည့်နေမိတယ်။
အိမ်ကတော့ လုံးဝမရှိတော့ပါဘူး။
ဒီအိမ်ဟာ ပျဉ်းကတိုးသစ်တွေနဲ့ဆောက်ထားလို့နှမျောပြီး မရောင်းပဲထားထားတဲ့အိမ်ပါ။ ဒီလောက်အတင့်ရဲစွာနဲ့ လုပ်လိမ့်မယ်လို့ထင်မထားမိပါဘူးခင်ဗျာ။
ခုပတ်ဝန်းကျင်ကိုမေးကြည့်တော့ မနေ့က နေ့လည်လောက်က လူဆယ်လောက်လောက် ကားကြီးတစ်စီးနဲ့ရောက်လာပြီး အိမ်ကိုဖျက်နေတာတွေတယ်တဲ့လေ။ ဒီနိုင်ငံဟာ လူတွေကို ဘယ်လိုလုံခြုံမှုပေးမှာလဲ။
ရဲစခန်းကိုအမှုဖွင့်ဖို့သွားရအုံးမှာပေါ့။
ကဲ... ရန်ကုန်မှာ အခုလို ဖြစ်ရပ်မျိုးဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ စာဖတ်ပရိသတ်တွေ ဝေဖန်ဆန်းစစ်
ကြည့်ကြပါ။
အိမ့်သံစဉ် ~
နေအိမ်အခိုးခံရပြီး အိမ်ဝိုင်းအတွင်း မြင်ကွင်း၊ဓာတ်ပုံ/ ဦးလူမော်
ဒီအကြောင်းကို ဦးလူမော်က သူ့ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေနဲ့တကွ ဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလို ဖော်ပြထားပါတယ်။
ရန်ကုန်မြို့ဟာ မလုံခြုံတော့ဘူးလား??
ရန်ကုန်မြို့တောင်ဒဂုံမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုလမ်းမပေါ် ၂၅ ရပ်ကွက် ယောက်ကော်ပန်းခြံ အရှေ့မှာရှိတဲ့ ကျွန်တော်တို့ဇနီးမောင်နှံပိုင်ဆိုင်တဲ့ မြေကွက်ထဲမှာရှိတဲ့ ပျဉ်ထောင်အိမ်ကို အိမ်တိုင်ပါမကျန် ချွတ်ယူပြီးခိုးယူခြင်းခံခဲ့ရပါပြီ။
ဒီနေ့ ကျွန်တော်ဆိုင်နဲ့ သုံးမိနစ်သာကားမောင်းသွားရင်ကွာဝေးတဲ့ နေရာမှာရှိတဲ့အိမ်လေးရှေ့ကို ဖြတ်သန်းသွားစဉ် ထူးဆန်းစွာဖြင် အိမ်အားမတွေ့ရှိတော့ပဲဖြစ်သွားတာနဲ့ ကားရကိုနောက်ပြန်ဆုတ်ပြီး အံသြတကြီး
ကြည့်နေမိတယ်။
အိမ်ကတော့ လုံးဝမရှိတော့ပါဘူး။
ဒီအိမ်ဟာ ပျဉ်းကတိုးသစ်တွေနဲ့ဆောက်ထားလို့နှမျောပြီး မရောင်းပဲထားထားတဲ့အိမ်ပါ။ ဒီလောက်အတင့်ရဲစွာနဲ့ လုပ်လိမ့်မယ်လို့ထင်မထားမိပါဘူးခင်ဗျာ။
ခုပတ်ဝန်းကျင်ကိုမေးကြည့်တော့ မနေ့က နေ့လည်လောက်က လူဆယ်လောက်လောက် ကားကြီးတစ်စီးနဲ့ရောက်လာပြီး အိမ်ကိုဖျက်နေတာတွေတယ်တဲ့လေ။ ဒီနိုင်ငံဟာ လူတွေကို ဘယ်လိုလုံခြုံမှုပေးမှာလဲ။
ရဲစခန်းကိုအမှုဖွင့်ဖို့သွားရအုံးမှာပေါ့။
အခိုးမခံရခင်က ပျဉ်ထောင် နေအိမ်လေး....
ကဲ... ရန်ကုန်မှာ အခုလို ဖြစ်ရပ်မျိုးဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ စာဖတ်ပရိသတ်တွေ ဝေဖန်ဆန်းစစ်
ကြည့်ကြပါ။
အိမ့်သံစဉ် ~
No comments:
Post a Comment