ချက်ဇ်လူမျိုး ဗုဒ္ဓဘာသာ ရဟန်းတော် အရှင် သရဏကိုယ်တိုင်ပြောပြတဲ့ သူ့အကြောင်းကို သူကိုယ်တိုင်ရေးသား ထားတဲ့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ချက်ဇ် ဘာသာတွေနဲ့ ဖော်ပြချက် အပြည့်အစုံပါ။
ယခုအချိန်မှာ ချက်ဇ်လူမျိုး ဆရာတော် အရှင်သရဏဟာ ချက်ဇ် နိုင်ငံ ပရာဟာမြို့ကို သာသနာပြု ခရီးစဉ်နဲ့ ကြွရောက်လာချိန်မှာ အနီးကပ် ပြုစုခွင့်ရတဲ့ ကျမတို့မိသားစုအတွက် အထူး အခွင့်အရေး ရရှိတာဖြစ်လို့ ဒီကုသိုလ်အတွက် အားလုံးကို ပြန်လည်မျှဝေလိုတာကြောင့် ဒီပို့စ်ကို တင်လိုက်တာပါ။
ဆရာတော်ဟာ ဝိနည်းကို အလွန်လေးစားလိုက်နာပြီး ရဟန်းတို့အတွက် ဝိနည်းပေါင် ၉ ကုဋေကို သူ တတ်စွမ်းသလောက် ကြိုးစားထိမ်းသိမ်းနေသူလည်းဖြစ်ပါတယ်။ တနှပ်တည်းသော ဆွမ်းကို တထိုင်တည်းသာ စားပြီး အာဟာရ သဗ္ဗာယမျှတအောင် နေထိုင်ပါတယ်။
သင်္ကန်းသုံးထည်သာ ရှိပြီး ဥရောပရဲ့ အေးတဲ့ရာသီဥတုကို ကာကွယ်ဖို့ စောင်၊ ခေါင်းအုန်း စတာတွေ ကမ်းလှမ်းတာကို လုံးဝ လက်မခံပါဘူး။ ဖိနပ်၊ခြေစွပ်တွေလည်း အသုံးမပြုပါဘူး။
ဒီအပြင် ဒကာ၊ဒကာမက မကပ်တဲ့ ဘယ် စားဖွယ်မှန်သမျှ မမီဝဲပါဘူး။ ငွေကိုလည်း ကိုင်တွယ်ခြင်းမရှိသလို ဆွမ်းဘုန်းပေးရင်လည်း သပိတ်ထဲမှာပဲ လှူဒါန်းသမျှ အားလုံးကို အတူ ရောပြီး အာဟာရမှီဝဲပါတယ်။
ဝိနည်းထိုရ်ရာမှာ စံထားလောက်စရာ ဗုဒ္ဓဘာသာ ရဟန်းတော် တပါးလည်းဖြစ်ပါတယ်။
ဆရာတော် ကိုယ်တိုင် ပြောပြတဲ့ သူ့အကြောင်းကို အားလုံး သိစေဖို့ ပါ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
အိမ့်သံစဉ် ~

No comments:
Post a Comment