ဥပဒေပညာရှင် ဦးကိုနီကိုသတ်ဖြတ်ရန်စေခိုင်းခဲ့သူ တပ်မတော်အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်မှာ
တရားခံပြေးအဖြစ်လွတ်မြောက်နေဆဲ ဖြစ်ပါသည်။
အောင်ဝင်းခိုင်နှင့်ပတ်သက်၍ အရပ်သတင်းများအရ အဆိပ်ကျွေးသတ်ခံလိုက်ရပြီဟု ပြောဆိုရေးသားနေ
ကြသလို အချို့ကလည်း စစ်အာဏာရှင်ခေတ် အာဏာရအကြီးအကဲတစ်ယောက်ယောက်အိမ်တွင် ပုန်းအောင်းနေသည်ဟု ထင်မြင်ပြောဆိုနေကြပါသည်။
အောင်ဝင်းခိုင်နှင့်အရင်းနှီးဆုံး စစ်အာဏာရှင်ခေတ် အာဏာရအကြီးအကဲထဲက တစ်ယောက်က ဦးသာအေးဖြစ်ပါသည်၊ ဦးသာအေး စစ်ကိုင်းတိုင်း တဝတ ဥက္ကဌလုပ်နေချိန်က ၂၀၀၆ခုနှစ်ကအောင်ဝင်းခိုင်သည် နမခ သို့ စအဖ G2 အဖြစ် ဗိုလ်မှူးအဆင့်ဖြင့်ပြောင်းရွေ့လာပါသည်၊ စအဖ (စစ်ဖက်ရေးရာလုံခြုံရေးဌာန)ဆိုသည်မှာ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ကို ကွပ်ကဲသည့်ဌာနဖြစ်ပါသည်။
အောင်ဝင်းခိုင် စအဖ G2အဖြစ် တာဝန်ယူချိန်မှစ၍ စစ်ကိုင်းတစ်တိုင်းလုံး သူ့ခြေ သူ့လက်ဖြစ်ခဲ့ပါသည်။
တဝတ ဥက္ကဌ လုပ်သူ ဦးသာအေးသည်ပင်လျှင် အောင်ဝင်းခိုင် လုပ်ချင်သမျှုဖြစ်ချင်သမျှ မငြင်းဆန်ရဲခဲ့သည့်အတွက် ထိုအချိန်က တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဝေ(ငြိမ်း)ကပင်လျှင် ဦးသာအေးကဲ့သို့ ရွံကြောက်ကြီး
ဖြစ်နေခဲ့ရပါသည်။
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့တစ်ခုလုံး အောင်ဝင်းခိုင်၏ ခိုင်းဖတ်ဖြစ်ခဲ့ရပါသည်။
အောင်ဝင်းခိုင် နမခ G2 အဖြစ်မှ ချောက်မြို့ ခမရ ၁၃ သို့ ဒု တပ်ရင်းမှူးအဖြစ် ရာထူးတိုးပြောင်းရွေ့သွားမှ စစ်ကိုင်းတိုင်း သက်သာရာရသွားကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းအတွင်း လုပ်ချင်တာလုပ်ခွင့်ရသော အောင်ဝင်းခိုင်သည်ထိုအချိန်ကပင် လက်ဖျားငွေသီးခဲ့ပြီး ငွေကိုလေလို သုံးစွဲခဲ့ပါသည်။
ချောက်မြို့ ခမရ၁၃ရောက်ပြီးမကြာခင်မှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဖြစ်ထပ်မံရာထူးတိုး၍ ကရင်ပြည်နယ်သို့ ပြောင်းသွားပါသည်။
ထိုမှာပင်လျှင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဖြစ်နှင့် အငြိမ်းစားယူခဲ့ပါသည်။
ရဲဘော်တစ်ယောက်ပင် တပ်မှထွက်ရန်ခက်ခဲနေချိန်မှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဖြစ်မှ လွယ်ကူစွာ ပင်စင်ယူနိုင်ခဲ့သည့်တွက် အောင်ဝင်းခိုင်နှင့် အဆင့်တူအရာရှိများ အထူးအံ့သြခဲ့ရကြောင်းသိရှိရပါသည်။
(ဟာဂျူလီ-ကသာ)
မှတ်ချက်။ ။ ပြန်လည် ကူးယူဖော်ပြသည်။

No comments:
Post a Comment