ရုရှားနိုင်ရဲ့ အထင်ကရ မြို့ကြီး တခုဖြစ်တဲ့ စိန့် ပီတာ စဘတ်စ်မြို့ ရှိ Sennaya Ploshchad မြေအောက်ရထား မှတ်တိုင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁ ဒါဇင်လောက် အသက် ဆုံးရှုံးခဲ့ရတယ်လို့ ရရှားနိုင်ငံ သတင်းတွေက ဖော်ပြပါတယ်။
လက်ရှိအခြေအနေမှာ မြေအောက်ရထားပေါက်ကွဲမှုကြောင့် လူ ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း ၅၀ ကျော်ထဲက ၄ ဦးဟာလည်း ဆေးရုံပေါ်မှာနဲ့ အရေးပေါ် ကားပေါ်မှာ သေဆုံးခဲ့တယ်လို့ ရုရှား ကျန်းမာရေး ဝန်ကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။
ရိုက်တာ သတင်းတပုဒ်မှာတော့ ရထားတတွဲမှာ ပေါက်ကွဲမှုကြောင့် အပေါက်ကြီး တခုကို မြင်တွေ့ရတယ်လို့ ရေးသားထားပါတယ်။
ဒီအကြမ်းဖက်မှုကို ကျူးလွန်တယ်လို့ ယုံကြည်ရသူတဦးရဲ့ ဓာတ်ပုံကိုလည်း စီစီ တီဗွီကင်မရာက မှတ်တမ်းတင်ထားတာကို ရုရှားလုံခြုံရေး တပ်ဖွဲ့တွေထံ ဝေမျှထားပြီးဖြစ်တယ်လို့လည်း သိရပြီး ၄င်းရဲ့လှုပ်ရှားမှုတွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေထည့်ထားတဲ့ အိတ်တလုံးကို ထားခဲ့တာတွေ့တယ်လို့လည်း အခြား သတင်းတပုဒ်က ဆိုပါတယ်။
နောက်ထပ် ဖောက်ခွဲရေး ပစ္စည်းတွေကိုလည်း ရုရှားလုံခြုံရေး တပ်ဖွဲ့တွေက တွေ့လို့ဖယ်ရှားလိုက်တယ်လို့လည်း ရုရှားနိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့ကတာဝန်ရှိသူတဦးက ဆိုပါတယ်။
အခုတော့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းထားနိုင်ပြီလို့လုံခြုံရေး တပ်ဖွဲ့ အရာရှိတွေက ပြောပေမယ့် မြေအောက်ရထား လမ်းတွေကို တာဝန်ရှိသူတွေက ပိတ်ထားလိုက်ပြီး လုံခြုံရေးကိုတော့ တင်းကြပ်ထားတယ်လို့ သိရပါတယ်။
တချို့ သတင်းတွေ အဆိုအရ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုဟုတ်/ မဟုတ် အတိအကျ မသိရသေးဘူးလို့လည်း ဆိုကြပါတယ်။
ချင်းချင်ညာ သူပုန်တွေကတော့ မနှစ်ကတည်းက ရုရှားကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာခဲ့တာလည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment