Pages

Wednesday, May 3, 2017

ဦးဝီရသူနဲ့ မဘသ ရခိုင်ပြည်သွားရောက်ချိန် စစ်တွေမှာ မီးလောင်မှု ဖြစ်ပွား

အမျိုးသားရေး အစွန်းရောက်ဟု နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ ဦးဝီရသူနဲ့ မဘသ အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို နေ့လယ်ပိုင်းက ရောက်ခဲ့ပြီး ဘူးသီးတောင် မောင်းတောမြို့တွေကိုပါ သွားဖို့ရှိတယ်လို့ သတင်းရချိန်မှာပဲ စစ်တွေမြို့မှာ ည ၈ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ/ အရှင် ပဏ္ဍဝံသ- 969

 ဒီမီးလောင်မှုကို ရဲလုံခြုံရေးတွေက ကာရံပိတ်ဆို့ထားပြီး မီဒီယာတွေအပါအဝင် မည်သူ့ကို မှ မီးလောင်တဲ့ နေရာ ဝင်ရောက်ခွင့် မပေးလို့ ဘယ်ကနေ ဘာကြောင့် စတင် မီးလောင်တာနဲ့ အိမ်ခြေ ဘယ်လောက် မီးလောင်ခဲ့တယ်ဆိုတာ စုံစမ်းလို့မရဘူးလို့သိရပါတယ်။

ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကတော့ အခုလို သတင်းထုတ်ပြန်ထားပါတယ်။

စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မင်းဘာကြီးလမ်းမပေါ်ရှိ ဒေါ် နူလီမာဟာ၏ နေအိမ်၌ မေလ ရက်၊ ယနေ့ နာရီ ၁၀ မိနစ် အချိန်တွင် ဆိုလာပြားအပူလွန်ကဲရာမှ မီးလောင်မှူဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်သည့်နေရာသို့ ပြည်နယ်မီးသတ် တပ်ဖွဲ့မှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နာရီ ၄၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် လူနေအိမ် အကြီး လုံးနှင့် အသေး လုံး (ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးစိစစ်ဆဲ) မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုအား အသေးစိတ်စစ်ဆေးပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

( နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

နောက်ဆက်တွဲ ရရှိတဲ့ သတင်းတွေအရ အခု မီးလောင်မှု ဖြစ်ပွားအပြီး အမည်မသိ ဒုတ်၊ ဓား ကိုင်ဆောင်ထားတဲ့ လူအုပ်တစုက မွတ်စလင် အိမ်တချို့ကို ခဲတွေနဲ့ ပစ်၊ ဖျက်ဆီးဖို့လုပ်ကြရင် ပြဿနာမကြီးပွားအောင်လို့ ရဲ တပ်ဖွဲ့အင်အား အလုံးအရင်းချပြီး ထိမ်းသိမ်းခဲ့တာလို့ သိရပါတယ်။ 

ပြဿနာရှာသူ လူအုပ်စုလည်း ရဲတွေရဲ့ဟန့်တားမှုကြောင့် ရည်ရွယ်ချက် အထ မမြောက်ဖြစ်သွားရတယ်လို့ သိရပါတယ်။ 




 မောင်ချေ ( စစ်တွေ )~



No comments:

Post a Comment