Pages

Sunday, April 16, 2017

ရှေ့နေ ဦးကိုနီနဲ့ ဦးနေဝင်းတို့အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ နယ်သာလန်မှာ ကျင်းပ

နယ်သာလန်နိုင်ငံ အူထရက်ခ်ျ မြို့မှာ နယ်သာလန်ရောက် မြန်မာမိသားစုတွေ စုပေါင်းကာ မကြာသေးခင်က ရန်ကုန်အပြည်အပြည် လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ရှေ့နေ ဦးကိုနီနဲ့ တက္ကစီ မောင်းသမား ကိုနေဝင်းတို့အတွက် ဘာသာပေါင်းစုံ ဆုတောင်း ဂုဏ်ပြုပွဲတခုကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြပါတယ်။




အခမ်းအနားမှာ ဦးကိုနီရဲ့ ကိုယ်ရေး ရာဇဝင်အကျဉ်းကို မြန်မာ၊ အင်္ဂလိပ်၊ ဒတ်ခ်ျဘာသာတွေနဲ့ ပြောဆိုသွားကြပြီး အစ္စလမ်ဘာသာထုံစံနဲ့ ဆုတောင်းခြင်း၊ ဟိန္ဒူဘာသာထုံးစံနဲ့ ဆုတောင်းခြင်း၊ ခရစ်ယာန်ဘာသာထုံးစံနဲ့ ဆုတောင်းခြင်းများနဲ့ အတူ ဗုဒ္ဓဘာသာ ထုံးစံနဲ့ မေတ္တာသုတ်ပွားများကာ ဆုတောင်းခြင်းများ ပြုလုပ်ကြပါတယ်။

 အခမ်းအနားတက်ရောက်သူတွေကလည်း အမှတ်တရ ဂုဏ်ပြုစကားတွေ ပြောကြပါသေးတယ်။

အခမ်းအနားပြီးဆုံး သွားချိန်မှာတော့ ဦးမောင်နုတို့ ဇနီးမောင်နှံက ကြက်သား ဒန်ပေါက်နဲ့ ဧည့်ခံကျွေးမွေးပါသေးတယ်။


 နယ်သာလန်ရောက် မြန်မာတွေရဲ့ စုပေါင်း အင်အားနဲ့ ကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲရဲ့အနှစ်သာရဟာ ဒေသခံ ဒတ်ခ်ျလူမျိုးတွေအတွက်လည်း လေးစားစရာ အဖြစ် မှတ်တမ်းထပ်မံဝင်ခဲ့တာပါပဲ။

                                                အခမ်းအနား တက်ရောက်လာကြသူများ





                              အစ္စလမ်ဘာသာ ဓလေ့နဲ့ ဆုတောင်းမေတ္တာပို့သနေပုံ

ဟိန္ဒူဘာသာ ထုံစံအတိုင်း ကနေဒါ နိုင်ငံသား တဦးက ဆုတောင်းပေးနေပုံ 

ခရစ်ယာန်ဘာသာထုံးစံအတိုင်း ဆုတောင်းပေးနေပုံ

                           ဗုဒ္ဓဘာသာ ထုံးစံအရ မေတ္တာသုတ် ရွတ်ပွားကာ ဆုတောင်းပေးနေကြပုံ







 အိမ့်သံစဉ် ~



No comments:

Post a Comment