Pages

Sunday, April 2, 2017

ချောင်းဆုံမှာ ဒေါင်းဘုံပျောက်ရတဲ့ သင်ခန်းစာ

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံးမှာ ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနဲ့ မွန်နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ အရှုံးနဲ့ရင်ဆိုင်လိုက်ကြရပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်က အနိုင်ရသွားတယ်။
ကြံ့ခိုင်ရေး ကိုယ်စားလှယ်မဲဆွယ်မှုဆိုင်းဘုတ်နားက NLD ဝတ်စုံဝတ် သူများ၊ဓာတ်ပုံ/ စိုးပိုင်

ဘာကြောင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ် အနိုင်ရသွားခဲ့ရသလဲဆိုတာ သုံးသပ်ကြည့်ရရင် ရွေးကောက်ပွဲနေ့ မနက်စောစော ကြံ့ခိုင်ရေးပါတီကို အမာခံထောက်ခံသူတွေ မနက်စောစောထပြီး မဲရုံတွေသွားကြတယ်။

ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းအပေါ် ဒေသခံချောင်းဆုံ သူ/သားတွေက လူမှုရေး လုပ်ငန်းတွေကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့သူ ဦးအောင်ကြည်သိန်းကို အများစုက မဲပေးလိုက်ကြပြီး မဲအရေအတွက် တသောင်းလောက်ကွာခဲ့တယ်။

ဒါဟာ ချောင်းဆုံဒေသခံတွေက ပါတီကို မကြည့်ပဲ လူကို ကြည့်တယ်ဆိုတဲ့ သဘောထင်ဟပ်ပါတယ်။

ချောင်းဆုံ မဲဆန္ဒနယ်မှာ အခုလို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်က အနိုင်ရပြီး NLD နဲ့ မွန်ပါတီက ကိုယ်စားလှယ်တွေ ရှုံးနိမ့်ရတာဟာ သံလွင်တံတားကို ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးတဲ့ ကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ NLD က ဦးဥာဏ်ဝင်းကရော အနိုင်ရသွားတဲ့ ကြံ့ခိုင်ရေး အမတ်တွေက ပြောသွားကြပါတယ်။

 တကယ်တော့ မဟုတ်ပါဘူး။

ဒီ တံတားနာမည်ပေးတဲ့ ကိစ္စနဲ့ ကန့်ကွက်တဲ့ ကိစ္စ ၂ ခုလုံးက နိုင်ငံရေးပါပဲ။ ဒါကို နိုင်ငံရေး မဟုတ်ပါဘူးလို့ ပြောလို့ကို မရနိုင်ပါဘူး။

ဒေသခံတွေအနေနဲ့ တံတားအမည်ပေးတဲ့ကိစ္စမှာ သက်ဆိုင်ရာဒေသတွင်း သြဇာကြီးတဲ့ သံဃာတော်တွေကအစ စုစုစည်းစည်းနဲ့ ဆွေးနွေးတိုင်ပင်ကြပြီး ကန့်ကွက်ဖို့ တာဆူလုပ်ဆောင်ခဲ့ကြတာ သတိထားမိပါတယ်။ ဒါဟာ အတော်ပဲ ထိရောက်မှု ရှိတယ်လို့သုံးသပ်လို့ရပါတယ်။

အဲဒီ့ လူ့အဖွဲ့အစည်းမှာ သံဃာတွေရဲ့ သြဇာနဲ့ အခန်းကဏ္ဍက ကြီးမားပါတယ်။ ဒီလိုအခြေအနေအပေါ် NLD က ကိုင်တွယ်မှုပုံစံ အားနည်းချက် ရှိခဲ့ပါတယ်။

 ဒီလို ကန့်ကွက်မှုရဲ့နောက်ကွယ်မှာ တဖက်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဟာ NLD ကို အရင်က ထောက်ခံခဲ့သူတွေရဲ့မဲတွေ သယ်ယူသွားနိုင်ခဲ့တယ်။

နောက်တခုကလည်း လက်ရှိ NLD ပါတီ ဦးဆောင်တဲ့ အစိုးရကို အရင် အာဏာရ ကြံ့ခိုင်ရေးပါတီအပါအဝင် ပြိုင်ဘက်ပါတီတွေက အပြင်းအထန်ထိုးနှက် တိုက်ခိုက်နေကြချိန် ပါတီဝင် တချို့ရဲ့အားနည်းချက်တွေနဲ့ ပါတီရဲ့မူဝါဆိုင်ရာ အားနည်းချက် တချို့ကြောင့် အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ လူထု ထောက်ခံမှု ကျဆင်းနေတယ်လို့ သတင်းတွေက ညွှန်ပြနေတာကြာပါပြီ။ 

ဒီအပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲသွားပေးသူဟာ သိသိသာသာ နည်းပါးသွားတယ်လို့ သုတေသန ပြုချက်တချို့က ဖော်ပြလာကြတယ်။ ဒါဟာ အထူးသတိထားရမယ့် အချက်ပါ။ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တွေ မဲရုံသွားပြီး မဲမပေးခဲ့ကြသလို အဖြစ်မျိုးနဲ့ ဆင်တူသလို ရှိတယ်။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် အစိုးရရဲ့ တာဝန်ယူထားတဲ့ အတွက် မဲဆွယ်စည်းရုံးပေးခွင့်မရှိတာလည်း မဲအရနည်းခြင်း အကြောင်းတခုပါ။ ဒီအပေါ် သုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည်တဦး တည်းကို ပါတီတရပ်လုံးက စုပုံအားကိုးနေရတဲ့ အဖြစ်ကနေ ရုန်းထွက်ဖို့လိုအပ်နေပါတယ်။

အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်တွေဖြစ်ဖို့ လိုအပ်နေပြီး ဒီလိုဖြစ်စေတဲ့ အခင်းအကျင်းသစ်တွေကို မနှေး အမြန်ဖန်တီးပြုပြင်သင့်ပါပြီ။

NLD should have 3 knows. 

Know itself. 
Know Burmese Politics.
And Know the people of Burma. 

ဘာပဲပြောပြော သက်တမ်းတလျှောက် တိုင်းပြည်အတွက် အနစ်နာခံပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ရှေ့တန်းက မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အကျိုးက အခုထိပေးနေပါသေးတယ်။

ဒါကြောင့်လည်း အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်တာ ၉ နေရာ အနိုင်ရခဲ့တာ ကြောင့် ၅၀ ရာခိုင်နှုန်းကို အနိုင်ရခြင်းဆိုတဲ့ ရလာဒ်နဲ့ သက်သေပြနေတာပါ။

ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်တွေက NLD ပါတီကို သတိပေးခေါင်းလောင်းထိုးသံတွေနဲ့အတူ သင်ခန်းစာတွေ ပေးလိုက်တာကတော့ အသေအချာပါပဲ။


 ဗညား ~



No comments:

Post a Comment