အမျိုးသားရေး အစွန်းရောက်လို့နာမည်ကြီးတဲ့ ဦးဝီရသူအား အမေရိကန်ရောက် မြန်မာ ဒကာ တဦးက ဒရုန်း ကင်မရာ လှူဒါန်းတယ်လို့ ဦးဝီရသူက သူ့ဖေ့စ်ဘုတ်ကနေ ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြလာပါတယ်။
လွန်ခဲ့တဲ့ ၁၂ နာရီကျော်ကလည်း ဦးဝီရသူဟာ ဖေ့စ်ဘုတ်ကတဆင့် Live (တိုက်ရိုက် ) ထုတ်လွှင့်မှုကို
လုပ်ဆောင်ခဲ့ပြီး ကြည့်ရှု့သူ ၉ သောင်းကျော်နဲ့ ပြန်လည် မျှဝေ Share လုပ်သူပေါင်း ၁၆ဝဝ ကျော် ရှိပါတယ်။
အခုတော့ ဒရုန်းကင်မရာ အလှူရှင်နဲ့ အကြောင်းကို သူ့ဖေ့စ်ဘုတ်ကနေ ဖော်ပြပုံပါပဲ။
“Gopro ကင်မရာအလှူရှင်”
==================
အမေရိကန်မှာနေထိုင်တဲ့ တပည့်လေး စီကိုစုရဲ့ အလှူပါ။
1.4.2017 တုန်းက လှူဒါန်းထားတာပါ။
တရားပွဲတွေမှာ အသုံးဝင်မယ်ထင်လို့ ဝယ်ယူလာခဲ့တာပါ။
ဒဒုန်းလို့ဆိုရမှာပေါ့။
အိုင်ပတ်နှင့် ထိန်းချုပ်ရတဲ့ ဒရုန်းမဟုတ်ဘဲ ကွန်ထရိုးနဲ့ ထိန်းချုပ်ရတဲ့ ဒရုန်းကင်မရာပါ။
စာရေးသူတို့လို တောသားတွေအတွက်တော့ အစမ်းလေ့ကျင့်ဖို့ကို မလွယ်ပါဘူး။ စမ်းသပ်နေပါပြီ။
တပည့်လေးစီကိုစုရဲ့ သမီးလေးလည်း လိုက်ပါလာပါတယ်။
နွေရာသီဖြစ်နေလို့ ပထမတော့ ငိုကြီးချက်မနဲ့ပါ။
အခုတော့ နေသားကျသွားပုံရပါပြီ။
စီကိုစုဆိုတာလည်း စီကိုနာရီအမျိုးအစားနှင့် Rolemodel ဖြစ်သူရဲ့ နာမည်တစ်လုံးကို ပေါင်းစပ်မှည့်ခေါ်ထားတာပါ။
ရင်ဘတ်မှာလည်း သူလေးစားတဲ့ Rolemodel ပုံကြီး တက်တူးထိုးထားပါတယ်။
စာရေးသူနဲ့လည်း နိုင်ငံရေးမှာ အငြင်းမပွားပါဘူး။
အမျိုးသားရေးနဲ့နိုင်ငံရေး နှစ်ဖက်စလုံးကို အားပေးသူလေးပါ။
သူလိုကတ္တားချတတ်သူတွေရှိရင် ကောင်းမှာပါပဲ။
သူလေးကို အတုယူစေချင်လို့ ပုံလေးတွေပါ တွဲတင်ပေးလိုက်ပါတယ်။
တပည့်လူပျံကျော်ကြီးစီကိုစု ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝစေကြောင်း နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဆုတောင်းပေးလိုက်ပါတယ်။
မောင်မောင်ကြီး ( မန်းလေး ) ~

No comments:
Post a Comment