နိုင်ငံတော် သံဃာ့ မဟာနာယက မဟန အဖွဲ့ကြီး၏ မဘသ အား ဖျက်သိမ်းလိုက်သည့် ကိစ္စနဲ့ပတ်သက်ပြီး မဘသ လက်ရှိ ဥက္ကဌ ဆရာတော် အင်းစိန် ရွာမ ဆရာတော် ဦးတိလောက က အဖွဲ့ဝင်များအား အသိပေးရှင်းလင်းမည် ဟူသည့် ကြေညာချက်တခု ယနေ့ မေလ ၂၃ ရက်နေ့ညပိုင်းမှာ ထပ်မံထွက်ပေါ်လာပါပြီ။
အသေးစိပ်ကတော့..
(၂၃.၅.၂၀၁၇) ရက်နေ့ ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပဉ္စမအကြိမ်အထူးအစည်းအဝေးပွဲက ဆုံးဖြတ်ခဲ့သော မဘသနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက် (၄)ရပ်နှင့် ပတ်သက်၍ ပြည်နယ်/တိုင်း/မြို့နယ်/တိုက်နယ်အသီးသီးရှိ မဘသ အဖွဲ့ဝင်များအား အသိပေးရှင်းလင်း မိန့်ကြားလိုပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း မဖြစ်မနေ တက်ရောက်ပေးကြပါရန် ပင့်လျှောက်/ဖိတ်ကြား အပ်ပါသည်။
နေ့ရက်။ ။ ၁၃၇၉ခုနှစ်၊ နယုန်လဆန်း(၂/၃)ရက် ၊ ၂၀၁၇ ခုနှစ်၊ မေလ(၂၇/၂၈)ရက်၊ (စနေ/တနင်္ဂနွေနေ့)
နေရာ။ ။ အောင်ဆန်းတောရတပ်ဦးကျောင်း၊ အင်းစိန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။
မှတ်ချက်။ ။ မဘသ ၄-နှစ်ပြည့် နှစ်ပတ်လည်ညီလာခံကြီးအတွက် ဖိတ်ကြားထားခဲ့သော်လည်း ဖော်ပြပါ မဟန၏ ဆုံးဖြတ်ချက်ကြောင့် မကျင်းပနိုင်တော့သဖြင့် ၄င်းရက်မှာပင် မဟန ဆုံးဖြတ်ချက်များကို အသိပေးရှင်းလင်းပေးသွားမည် ဖြစ်ပါသည်။
အသေးစိပ်ကတော့..
“အသိပေး ရှင်းလင်းပွဲ အထူးဖိတ်ကြားခြင်း”

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊
နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
အိမ့်သံစဉ် ~
No comments:
Post a Comment