မန္တလေးနန်းတွင်း လူဖမ်းပွဲ စည်းကား ( သို့သော် )...
ယမန်နေ့ည (၁၀ )နာရီခန့်တွင် မန္တလေး နန်းတွင်းတွင် တည်ရှိသော (လပခ) စစ်တိုင်းရုံးမှ စစ်အရာရှိ (၁၀) ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းထောက်လှမ်းရရှိသည်။
အဆိုပါ စစ်အရာရှိ(၁၀) ဦးမှာ စစ်ဦးစီးတန်း ဒုတိယအရာရှိများနှင့် တတိယ အရာရှိများပါဝင်ကြောင်းသိရပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် (၄၇) ဆင်း ဂျီတူးအဆင့် (၂) ဦးနှင့် အမှတ်စဉ် (၅၄)(၅၅) ဆင်းသော စစ်ဦးစီး တတိယတန်း စစ်သည် အရာရှိ(၈) ဦးပါဝင်နေလေသည်။
ဖြစ်စဉ်မှာ မန္တလေး ဒေသ တော်တော်များများတွင် စိတ်ကြွဆေးပြားများ မကြာခနဖမ်းမိနေပြီး ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်များအရ ၄င်းတို့ အဆိုပါ ဆေးဝါးများ ရရှိသော ပူရင်း ဒိုင်ချုပ်အား စစ်ဆေးချက်တွင် ပေါ်ပြချက်များအရ နာမည် အမျိုးမျိုး မှတ်ပုံတင် အမျိုးမျိုးဖြင့် ပြုလုပ်၍ မူရင်း စိတ်ကြွဆေးပြားများ ထုတ်လုပ် ရောင်းချ ဖေါက်သယ်ပေးသော တရားခံများ ပျောက်ဆုံးနေပြီး နောက်ဆုံးတွင် ချေရာခံမိသော မှတ်ပုံတင် အတု စာရွက်စာတမ်း အတု တစ်ခုပေါ်မှ ဓါတ်ပုံအထောက်ထားအရ သက်ဆိုင်ရာ မူးယစ်ထောက်လှမ်းရေးမှ လပခ စစ်တိုင်းမှူးထံသို့ တင်ပြအကြောင်းကြားခဲ့ပြီး စောင့်ကြည့်စေခဲ့လေသည်။
လက်ရှိ လပခ စစ်တိုင်းမှူးဖြစ်သူသည် တပ်မ (၆၆) တပ်မ မှူးအဆင့်မှ စစ်တိုင်းမှူး လပခ သို့ ပြောင်းရွှေ့တာဝန်ထမ်းလာသော ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန်မှ အထူး စုံစမ်းထောက်လှမ်းရေးအဖွဲ့အား ၄င်း၏ နေအိမ်တွင်းမှ ဖွဲ့စည်းစေခဲ့ပြီး ထောက်လှမ်းစေခဲ့ရာ ယခု နန်းတွင်းအထဲရှိ စစ်ဦးစီး ဒုတိယတန်း အရာရှိနှစ်ဦးနှင့် တတိယတန်း အရာရှိ (၈) ဦးတို့အား အချက်လက် အထောက်ထား စီစီတီဗွီ မှတ်တမ်း ဓါတ်ပုံမှတ်တမ်းများအပြင် အခြားသော အချက်လက် အထောက်ထားပေါင်းများစွာဖြင့် ၄င်းတို့ ဆင့်ကဲဆင့်ကဲ ညွန်ကြားလုပ်ဆောင်နေသော မူးယစ်ဆေးပြား လုပ်ငန်း ဖေါက်သယ်ပေး လုပ်ဆောင်နေမှုအား ခြေရာခံနိုင်၍ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးနေပြီဖြစ်ကြောင်း နေပြည်တော် စစ်မဟာဗျူဟာကွပ်ကဲညှိနိုင်းရေးဌာနသို့ ၀င်ရောက်လာသော ကြေးနန်းအား ထောက်လှမ်းတွေ့ရှိရလေသည်။
ယခု ဖမ်းဆီးစစ်ဆေးနေသော မူရင်း မူးယစ်ဆေးပြားထုတ်လုပ်သူ တရုတ်လူမျိုး (၃) ဦးမှာ လွတ်မြောက်ခဲ့ပြီး တရုတ်ပြည်ဘက်သို့ ၀င်ရောက်သွားပြီဖြစ်ကြောင်းလည်း သိရသည်။
ဖမ်းဆီး စစ်ဆေးခံနေရာသော တပ်မတော် စစ်ဦးစီးအရာရှိနာမည်များကိုတော့ သတင်းဆက်လက် စောင့်ကြည့်ရန်အတွက် ဖေါ်ပြပေးနိုင်ခြင်း မတတ်သာသော်လည်း ကြေးနန်းတွင် ထောက်လှမ်းရရှိသော အချက်လက်များအရ ၄င်းတို့၏ စစ်တက္ကသိုလ် အပတ်စဉ်များကိုတော့ ဖေါ်ပြပေးလိုက်ပါသည်။
ကျေးဇူးတင်ပါသည်။
ဂိုလ်ရှယ်လေး
Aung N Htwe ၏ ဖေ့စ်ဘုတ်မှ မူရင်းအတိုင်း ပြန်လည် ကူးယူဖော်ပြသည်။

No comments:
Post a Comment