Pages

Thursday, May 11, 2017

အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့အား ယာယီဖျက်သိမ်းကြောင်း ထုတ်ပြန်

မဘသ လို့ လူသိများတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားရေး ညွန့်ပေါင်း အဖွဲ့အား ယာယီ ဖျက်သိမ်းလိုက်တယ်လို့ စွေစောင်း ခေါ် ဝင်းကိုကိုလတ်ဟု လူသိများတဲ့ သူက သူ့  ဖေ့စ်ဘုတ်ပေါ်မှာ အခုလို တင်ထားပါ တယ်။




မင်္ဂလာတောင်ညွန့်မှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးခဲ့မှုကြောင့် လက်ရှိအစိုးရက ဖမ်းဆီးအရေးယူဖို့ ပြင်ဆင်နေချိန်မှာ အခုလို အချိန်ကိုက် ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။



ထုတ်ပြန်ချက် အပြည့်အစုံကတော့..

 အမျိုးသားရေးညွန့်ပေါင်းအဖွဲ့အား ယာယီဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခြင်း 

 ရက်စွဲ ။ ။ ၁၁-၅-၂၀၁၇ စာအမှတ် - ၀၀၁/ညပ/၅/၂၀၁၇

အမျိုးသားရေးလှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ အမျိုးသားရေးနှင့် ပရဟိတ လုပ်ဆောင်နေကြသော အဖွဲ့အစည်းများပူးပေါင်း၍ အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့(ရန်ကုန်)ဟု သတ်မှတ်ခဲ့ ကြပါသည်။

ယနေ့အချိန်အခါအထိ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့အနေဖြင့် ဘာသာ သာသနာအပေါ်ထိခိုက်လာ သည့် လုပ်ရပ်များ၊ လူမျိုးရေးပြဿနာများအပေါ် သက်ဆိုင်ရာများနှင့် ပူးပေါင်း၍ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ခဲ့သော်လည်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် အစိုးရ အာဏာရှိသူ များအပိုင်းမှ မလိုမုန်းထား သတ်မှတ်လာသည့်အခြေအနေမျိုး ကြုံတွေ့လာရပါသည်။

သို့ဖြစ်ပါ၍ အမျိုးသားရေးနှင့် ပရဟိတ ယှဉ်တွဲလုပ်ဆောင်နေသော အဖွဲ့များမှာ တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်ကို အခြေခံ၍ လုပ်ခဲ့ကြသည်မှန်သော်လည်း မလိုလားအပ်သော ပြဿနာများ ရင်ဆိုင်ကြုံတွေ့ လာနိုင်သည်ကို ထောက်ရှုဆင်ခြင်၍ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့အား ယာယီအားဖြင့် ဖျက်သိမ်းကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မိမိတို့၏ ရပ်တည်ချက် လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူအကျိုးအတွက်သာ ရည်ရွယ် သည်မှန်သော်လည်း အစိုးရ အုပ်ချုပ်သူများက မလိုလားလျှင် ကောင်းသည့်အလုပ် မှန်ကန်သည့်အလုပ်ဖြစ် သော်လည်း မလိုလားအပ်သည့် ပြဿနာများ ကြုံတွေ့လာနိုင်သည်ကို ယနေ့အမျိုးသားရေးလှုပ်ရှားသူများ အား ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးနိုင်ရန်ကြံစည်နေခြင်းကို ထောက်ရှုဆင်ခြင်ခြင်းအားဖြင့် သိနိုင်ပေလိမ့်မည်။

အမျိုးသားရေးညွန့်ပေါင်းအဖွဲ့တွင် ပူးပေါင်းပါဝင်ခဲ့ကြသော အဖွဲ့အစည်းများအား အထူးပင် လေးစား ဂုဏ်ပြုပါသည်။

မိမိတို့ ရပ်တည်ချက် ရည်ရွယ်ချက် ဘာသာ သာသနာ နှင့် တိုင်းပြည် လူမျိုးအပေါ် သစ္စာမ ဖောက်ဘဲ မိမိတို့ လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ကြပါရန်နှင့် အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ အား ယာယီအားဖြင့် ဖျက်သိမ်းကြောင်း လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။

အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ (ရန်ကုန်)



No comments:

Post a Comment