အင်္ဂလန် မြောက်ပိုင်းရှိ Manchester Arena မှာ မေလ ၂၂ ရက်နေ့ညပိုင်း ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၅ မိနစ်ခန့်က အမေရိကန်အဆိုတော် Ariana Grande ဖျော်ဖြေနေစဉ် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၂ ဦး ထိရှိလာပြီး အများအပြား ဒဏ်ရာရကြတယ်လို့နောက်ဆုံး သတင်းဖော်ပြချက်တွေက ဆိုပါတယ်။
သေဆုံးသူများထဲမှာ ကလေးငယ်များ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို အနီးစပ်ဆုံး ဆေးရုံ ၆ ခုဆီကို အသီးသီး ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။
မန်ချက်စတာ မြို့တော်ဝန်ကတော့ အခုအချိန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်နေပြီး ဒီအကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန်ရှုံ့ချလိုက်ပြီး ဒဏ်ရာရသူ ၅၉ ဦးကို အကောင်းဆုံး ပြုစုကုသပေးနေကြောင်း၊ ဖြစ်ရပ်အပေါ် အသေးစိပ်စုံစမ်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်းတွေပြောဆိုနေပါတယ်။
ရဲတပ်ဖွဲ့အဆိုအရ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သူ အမျိုးသားဟာ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဆွေမျိုးသားချင်းများအနေနဲ့ လူမှု ကွန်ယက်တွေကနေတဆင့် ပျောက်ဆုံး သူများရှိရင် အကြောင်းကြားကြဖို့နဲ့ အရေးပေါ် ဖုန်းနံပတ် 0161 856 9400 ကို ဖွင့်လှစ်ထားကြောင်းကြေညာထားပါတယ်။
အခုလို အကြမ်းဖက်အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ဗြိတိန်မှာ မကြာခင် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေကို ဆိုင်းငံ့ထားလိုက်ပါပြီ။
အခုလို တုန်လှုပ်ဖွယ် ဖြစ်ရပ်ဆိုးကြောင့် မန်ယူ ဘောလုံးအသင်း ( မန်ချက်စတာ ယူနိုက်တက်) နဲ့ မန်ချက်စတာ စီးတီး ဘောလုံး အသင်းတို့ကလည်း ဝမ်းနည်းကြေကွဲကြောင်းပြောဆိုကြပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment