Pages

Wednesday, May 3, 2017

မြန်မာနိုင်ငံသားဟောင်း ၂၈ ဦးကို နိုင်ငံသားအဖြစ် ပြန်လည်လက်ခံမည်


အစိုးရသစ်လက် ထက် မြန်မာနိုင်ငံသားဟောင်းပြန် လည်လျှောက်ထားသူ ၅၅ဦးအနက် ၂၂ဦးနှင့် ယခင်အစိုးရ လက်ထက်မှ လက်ကျန်ခြောက်ဦး၊ စုစုပေါင်း ၂၈ဦး ကို မကြာမီမြန်မာနိုင်ငံသား အဖြစ် ပြန်လည်လက်ခံမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။




မေ၂ရက်က နေပြည်တော်ရှိပြန် ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးစုပေါင်း ခန်းမတွင် နိုင်ငံတော်အစိုးရ၏ ပထမ တစ်နှစ်တာ အတွင်း ဆောင်ရွက် ခဲ့မှု များနှင့်ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင် အားဝန်ကြီးဌာန ၏ ဆောင်ရွက်ခဲ့မှု များ ရှင်းလင်းပွဲတွင် မီဒီယာများ ၏မေး မြန်းချက်ကို အမြဲတမ်းအတွင်းဝန်က အထက်ပါအ တိုင်းပြန် လည်ဖြေကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"အစိုးရသစ်ကာလမှာ ၅၅ ဦး လျှောက်ထားပါတယ်။ ၅၅ ဦးလျှောက် ထားရာမှာလည်း နိုင်ငံသားအရည် အချင်းမရှိတဲ့ သူတစ်ယောက် ပါလာ ပါတယ်။ အချက်အလက်မပြည့်စုံတဲ့ သူတစ်ယောက်ပါပါတယ်။ သူ့အချက် အလက်တွေ ကို သေသေချာ ချာပြန် ဖြည့်လိုက်ရင်ခွင့်ပြုပေးမှာ တစ်ဦးပါ ပါတယ်။ နောက် တစ်ခုကတော့
တင်ပြဖို့ ကျန်တာ ၃၃ ဦးရှိပါတယ်။ တင်ပြဖို့ ကျန်တယ်ဆိုတာက မြန်မာနိုင်ငံသား ဟောင်းတွေ ကို ပြန်လည် စိစစ်ရေး ကော်မတီကို မတင်ပြရသေး တာပေါ့ နော် ။ လောလော ဆယ် တင်ပြပြီးတာ ကတော့ ၂၈ ဦး ရှိပါတယ်။ အရင်အစိုးရ လက်ထက်က တင်ပြဖို့ကျန်တာက ၆  ဦး။ အခုအစိုးရသစ်လက်ထက် မှာ ထပ်ပြီးတင်ပြ တဲ့ ၅၅ ဦးထဲက ၂၂ ဦး စုစု ပေါင်း၂၈ ဦးကတော့ စိစစ်ပြီးပါပြီ။ မကြာခင် သူတို့ဟာမြန်မာနိုင်ငံသား အဖြစ်ရရှိတော့မှာဖြစ်ပါတယ် " ဟု ဦးမြင့်ကြိုင်ကပြောသည်။

 မြန်မာနိုင်ငံသားဖြစ်ခဲ့ဖူးပြီး နိုင်ငံ ခြားသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများကို မြန်မာနိုင်ငံသား ခံယူရန်ဖြေလျှော့ခြင်းများကို ယခင်က နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် သာ ဆောင်ရွက်ရ သည့်လုပ်ငန်းစဉ် ဖြစ်ပြီး ယခုအစိုးရသစ်ကာလ တွင် မြန်မာနိုင်ငံသားဟောင်းများ စိစစ်ရေး ကော်မတီကို နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် လျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။

 "အဓိကကတော့ မြန်မာနိုင်ငံသားဟောင်းတွေ မြန်မာနိုင်ငံသားအ ဖြစ်ပြန်လည်ခံယူဖို့ အဓိကနှစ်ချက် စစ်ပါတယ်။ ပထမတစ် ချက်ကတော့ ပြစ်မှုကျူးလွန်ထားခြင်း ရှိ မရှိစစ်ဆေး ပါတယ်။ နောက်တစ်ခုကတော့အမည် မည်းစာရင်း မှာပါဝင်ထားခြင်း ရှိမရှိ စစ်ဆေးပါတယ်။ ပြစ်မှုကျူးလွန်ထားတယ်ဆိုရင်လည်း ဒီပြစ်မှုကအတိမ် အနက်ပေါ့။ ပြစ်မှုကြီးတွေကျူးလွန် ထားတာလား။ ဒါမှမဟုတ်ရင် သာမန် ပြစ်မှုငယ်လေးတွေဖြစ်တာလား၊ ဒီအပေါ်မူတည်ပြီးတော ဆုံးဖြတ်ဆောင် ရွက်ပေးမှာဖြစ်ပါတယ် " ဟု ဦးမြင့် ကြိုင်က ပြောသည်။ 

အမည်မည်းစာရင်းသွင်းခံထား ရပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာန မှ ပြန်လည်ဖြေရှင်းပေးပါက အမည် မည်းစာရင်းမှ လွတ်မြောက် မည်ဖြစ်ပြီး ပြစ်မှုလည်းမရှိ၊ အမည်မည်းစာရင်း မှလည်း လွတ်မြောက်ပြီး ပါက မြန်မာ နိုင်ငံ သားဟောင်းများကို မြန်မာနိုင်ငံ သားအဖြစ် ပြန် လည်ခံယူရန် မြန်မာ နိုင်ငံသားဟောင်း များ နိုင်ငံသားအဖြစ် ပြန် လည်စိစစ်ရေးကော်မတီမှ ဆုံးဖြတ် ပေးလျက်ရှိကြောင်း၎င်း ကပြောသည်။ 

" ယခင်အစိုးရလက်ထက်မှာ ၁၈၈ ဦးလျှောက်ခဲ့ပါတယ်။ ၁၄၃ ဦးကို ခွင့် ပြုခဲ့ပါတယ်။ ၄၅ ဦးကျန်တယ်။ အဲဒီ ၄၅ဦးမှာ နိုင်ငံ သားအရည် အချင်းမပြည့် မီတဲ့သူ ၁၆ ဦး၊ လျှောက်တဲ့သူကတော့သူ တို့ကိုယ်သူ တို့ မြန်မာနိုင်ငံသားဟောင်း လို့ယူဆတယ်။ ဒါပေမဲ့ သူတို့ကအစ ကတည်းက မြန်မာနိုင်ငံသားအရည် အချင်းနဲ့မပြည့်ခဲ့ ဘူး။ မြန်မာနိုင်ငံသား စိစစ်ရေးကတ်တွေ မရခဲ့ဘူး။ နောက် အချက်အလက် အပြည့်အစုံ မလျှောက်တဲ့သူကလည်း ၁၂ ဦးလောက်ပါတယ်။ မှုခင်းကလည်း ခွင့်မလွှတ်နိုင်တဲ့ မှုခင်း ပြစ်မှုကြီးတွေ ဖြစ်ထားတဲ့သူက ၁၁ ဦး လောက် ပါတယ်။ အရင်အစိုးရလက်ထက်မှာလျှောက်တုန်းက အစိုးရအ ပြောင်း အလဲကာလမှာ လျှောက်တဲ့ အတွက်မတင်လိုက်ရတဲ့သူ ခြောက်ဦး ရှိတယ်။ အချိန်မီတဲ့သူအကုန်လုံးကို မြန်မာနိုင်ငံသားအဖြစ် ခွင့်ပြုပေးခဲ့ပါ တယ် " ဟု ဦးမြင့်ကြိုင်ကပြောသည်။


Yangon Media Group ~ 


No comments:

Post a Comment