Pages

Saturday, May 6, 2017

စားကြပါအုံး ထိုင်းအီစန် သင်္ဘောသီးထောင်း

ထိုင်းနိုင်ငံက အီစန် မော်ဒယ်မလေးရဲ့ သင်္ဘောသီးထောင်းပုံကို ပြီးခဲ့တဲ့အပါတ်က အင်တာနက်မှာတင်ခဲ့တာမှာ ကြည့်ရှု့သူပေါင်း ၇ သန်းကျော်တောင် ရှိတယ်လို့ ကိုကိုနတ်သတင်းက ဆိုပါတယ်။





 ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ အီစန်နယ်က သူတွေရဲ့ သင်္ဘောသီးထောင်က နာမည်ကြီးလှပါတယ်။ ဒီ အီစန် မော်ဒယ်လေးရဲ့သင်္ဘောသီးထောင်းကတော့ ပိုပြီး နာမည်ကြီးသွားခဲ့ပါပြီ။

သူ့ရဲ့ ဒေသ အစားအစာကို လှပတဲ့ သူ့ရဲ့ဟန်ပန်နဲ့ ပေါင်းစပ်ပြီး စက္ကန့် ၂၀ စာ ဗွီဒီယိုကလစ်ကို အင်တာနက်ပေါ် တင်ခဲ့တာမှာ အခုလို ပိုပြီး နာမည်ကြီးသွားခဲ့တာပါ။

 တကယ်တော့ ငရုပ်သီး စပ်စပ်နဲ့ အီစန် သင်္ဘောသီးထောင်းထက် သူ့ရဲ့ ရင်သား အလှကြောင့် အခုလို ထိုင်းနိုင်ငံတလွှား ကြည့်ရှုသူပေါင်း ၇ သန်းကျော်ခဲ့တာဖြစ်ပြီး ကွန်မန့်တွေကလည်း သင်္ဘောသီးထောင်းထက် သူ့ ရဲ့ ရင်သား အလှကိုသာ ဦးစားပေး အားပေးခဲ့ကြတာလို့ ဆိုကြပါတယ်။

 ဒီလို ကိစ္စကြောင့် သတင်းကျော်ကြားသွားခဲ့တဲ့ အီစန် မော်ဒယ်လေးကဖြေကြားချက်ကတော့ ပိုပြီး အံ့သြသွားစေမယ်ထင်ပါတယ်။

"ကျမက ဒီ ရင်သား အတုတွေကို ဒီလို လှပါလားဆိုပြီး ဖြစ်သွားစေချင်တာပါ။ ဒီရင်သား အတုတွေက ဒီလိုဖြစ်လာခဲ့မယ်ဆိုတာ ကျမ တကယ်ပဲ မသိပါဘူး။ ဒါပေမယ့် ဒီရင်သားတွေက တကယ် လှပတဲ့ပုံတော့ပေါက်ပါတယ်။ သေချာတာကတော့ ဒါ ကျမရဲ့  ရင်သား အတုတွေပါဆိုတာပါပဲ။ " လို့ ထိုင်း အီစန် သင်္ဘောသီးထောင်း မော်ဒယ်လေးက ကြင်နာတဲ့ အသံလေးနဲ့ ဖြေကြားထားပါတယ်တဲ့။

 ဒီ ဗွီဒီယိုကို သူ့ဖေ့စ်ဘုတ်စာမျက်နှာဖြစ်တဲ့ Narumon Yasachai ဆိုတဲ့ အမည်နဲ့ အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။

 




အိမ့်သံစဉ် ~




No comments:

Post a Comment