Pages

Tuesday, May 23, 2017

၂၁ ရာစု ပင်လုံကို ကြိုဆိုရင်း အကျဉ်းသား ၇၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ရာစု ပင်လုံ) ကို ကြိုဆိုတဲ့အနေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၇၃ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်းသက်သာခွင့်ကို နိုင်ငံတော် သမ္မတက ယနေ့ မေလ ၂၃ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။



ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး ကွယ်လွန်

နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီး ဆာဘွဲ့ရ ရော်ဂျာမိုး၊အသက် ၈၉ နှစ်ဟာ ဒီကနေ့မှာပဲ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သူ့ မိသားစုက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။


မဘသ ဥက္ကဌ ဆရာတော်က မဟန၏ ဆုံးဖြတ်ချက်များကို အသိပေးရှင်းလင်းမည်

နိုင်ငံတော် သံဃာ့ မဟာနာယက မဟန အဖွဲ့ကြီး၏ မဘသ အား ဖျက်သိမ်းလိုက်သည့် ကိစ္စနဲ့ပတ်သက်ပြီး မဘသ လက်ရှိ ဥက္ကဌ ဆရာတော် အင်းစိန် ရွာမ ဆရာတော် ဦးတိလောက က အဖွဲ့ဝင်များအား အသိပေးရှင်းလင်းမည် ဟူသည့် ကြေညာချက်တခု ယနေ့ မေလ ၂၃ ရက်နေ့ညပိုင်းမှာ ထပ်မံထွက်ပေါ်လာပါပြီ။


မဘသ အဖွဲ့ကို ဖျက်သိမ်းပြီ

မဘသ လို့လူသိများတဲ့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဆိုတာကြီးကို နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကြီးက ၄င်းအမည်နာမနှင့် ရုံးခန်းဆိုင်းဘုတ်များ ဖြုတ်ချရန်နဲ့ မဘသ ဟူသော အမည်ကို မသုံးစွဲရန် ယနေ့ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။



မန်ချက်စတာ တိုက်ခိုက်မှုအကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်

ယမန်နေ့က အင်္ဂလန် မြောက်ပိုင်း မန်ချက်စတာ အာရီနာ မှာ အသေခံအကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် ထရီဇာ မေ ရဲ့ တိုက်ရိုက် ထုတ်လွှင့်ပြောဆိုချက်ဖြစ်ပါတယ်။


မန်ချက်စတာ တိုက်ခိုက်မှု ၂၂ ဦးသေဆုံး အများအပြား ဒဏ်ရာရ

အင်္ဂလန် မြောက်ပိုင်းရှိ Manchester Arena မှာ မေလ ၂၂ ရက်နေ့ညပိုင်း ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၅ မိနစ်ခန့်က အမေရိကန်အဆိုတော် Ariana Grande ဖျော်ဖြေနေစဉ် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၂ ဦး ထိရှိလာပြီး အများအပြား ဒဏ်ရာရကြတယ်လို့နောက်ဆုံး သတင်းဖော်ပြချက်တွေက ဆိုပါတယ်။

Saturday, May 20, 2017

သာသနာ ပြုတယ်ဆိုတာ

အမျိုးဘာသာ သာသနာ ချစ်ပါတယ်၊ကာကွယ်နေပါတယ် ဆိုတဲ့သူတွေ အနေနဲ့ အခု ဒီဗွီဒီယို ဖိုင်လေးကို သေချာ ကြည့်ဖြစ်ရင် သိပ်ကောင်းမှာပဲတွေးမိပြီး တင်ပြလိုက်တာပါ။


Thursday, May 18, 2017

လေထဲမှာ ဈန်ပျံတဲ့ လူသား မယုံမရှိနဲ့ ကြည့်လိုက်

လူသား တဦးက ကမ္ဘာမြေရဲ့ဆွဲအားကို ဆန့်ကျင်ပြီး မြေပြင်မှ ကင်းကွာကာ ကောင်းကင်မှာ မိမိအလိုကျ သွားလာလို့ရတယ်ဆိုတာကို ဈန်ပျံသန်းတယ်လို့ ခေါ်ဆိုကြမယ်ထင်ပါတယ်။



Wednesday, May 17, 2017

ကောင်းကောင်း ကလည်း အိုင်းရင်းဇင်မာမြင့်ကို အခုလို ပြန်လည်တုံ့ပြန်လိုက်တယ်

မနေ့ညပိုင်းကတော့ အနုပညာရှင် တဦးဖြစ်တဲ့ အိုင်းရင်းဇင်မာမြင့်က သူ့အချစ်ရေးနဲ့ပတ်သက်လို့ ဖေ့စ်ဘုတ်ကနေ Live ထုတ်လွှင့်သွားခဲ့တဲ့ အပေါ် ရည်ညွှန်းပြောဆိုခံရတဲ့ အဆိုတော် တေးရေး ကောင်းကောင်းက ဒီကနေ့မှာ အခုလို တုံ့ပြန်ပြောဆိုလိုက်ပါတယ်။


Tuesday, May 16, 2017

အိုင်းရင်းဇင်မာမြင့်ရဲ့ မျက်ရည်တွေတကွ ရင်ဖွင့်ချက်

နာမည်ကြီး အဆိုတော် တဦးဖြစ်တဲ့ အိုင်းရင်း ဇင်မာမြင့်ကတော့ ဒီကနေ့ဖေ့စ်ဘုတ်ကနေ Live ထုတ်လွှင့်ပြီး သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်တာတွေကို မျက်ရည်တွေနဲ့တကွ ရင်ဖွင့် သွားပါတယ်။ သူ ဘာတွေ ရင်ဖွင့် သွားခဲ့သလဲ?????



Thursday, May 11, 2017

အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့အား ယာယီဖျက်သိမ်းကြောင်း ထုတ်ပြန်

မဘသ လို့ လူသိများတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားရေး ညွန့်ပေါင်း အဖွဲ့အား ယာယီ ဖျက်သိမ်းလိုက်တယ်လို့ စွေစောင်း ခေါ် ဝင်းကိုကိုလတ်ဟု လူသိများတဲ့ သူက သူ့  ဖေ့စ်ဘုတ်ပေါ်မှာ အခုလို တင်ထားပါ တယ်။

မင်္ဂလာတောင်ညွန့်မှာ ပဋိပက္ခလှုံ့ဆော်သူတွေကို ဖမ်းပြီ

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်သူတွေထဲ ဦးဆောင်ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားတဲ့ Ko Latt ဆိုတဲ့ Facebook Account သုံးစွဲသူ ကိုလတ်နဲ့ သူ့ရဲ့ ဇနီး
မအောင်မြင့်တို့ကို ဒီကနေ့ (မေလ ၁၁) ညနေ ၅နာရီခွဲမှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။



Sunday, May 7, 2017

ကဗျာဆန်တဲ့ ဂီထွန် / Giethoorn

နယ်သာလန်နိုင်ငံကို အလည်အပတ်သွားကြမယ်ဆိုရင် မဖြစ်မနေသွားသင့်တဲ့ နေရာတွေက တကယ်တော့ အတော်များလှပါတယ်။ ဒါပေမယ့် အဲဒီလိုများတဲ့ အထဲက နယ်သာလန်နိုင်ငံရဲ့ ဗင်းနစ် အသေးလေးလို့တင်စားခေါ်ဝေါ်တဲ့ ဂီထွန်ဆိုတဲ့ ဒတ်ခ်ျ ရွာလေးက အတော်ပဲချစ်စရာ ကောင်းပြီး အေးချမ်းသာယာလှပါတယ်။


မန္တလေးနန်းတွင်း လူဖမ်းပွဲ စည်းကားတဲ့...

မန္တလေးနန်းတွင်း လူဖမ်းပွဲ စည်းကား ( သို့သော် )...
ယမန်နေ့ည (၁၀ )နာရီခန့်တွင် မန္တလေး နန်းတွင်းတွင် တည်ရှိသော (လပခ) စစ်တိုင်းရုံးမှ စစ်အရာရှိ (၁၀) ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းထောက်လှမ်းရရှိသည်။


Saturday, May 6, 2017

စားကြပါအုံး ထိုင်းအီစန် သင်္ဘောသီးထောင်း

ထိုင်းနိုင်ငံက အီစန် မော်ဒယ်မလေးရဲ့ သင်္ဘောသီးထောင်းပုံကို ပြီးခဲ့တဲ့အပါတ်က အင်တာနက်မှာတင်ခဲ့တာမှာ ကြည့်ရှု့သူပေါင်း ၇ သန်းကျော်တောင် ရှိတယ်လို့ ကိုကိုနတ်သတင်းက ဆိုပါတယ်။


Wednesday, May 3, 2017

ဂိုးသွင်းချန်ပီယံ ငါးကလေး

ငါးလေး တကောင်က ဘောလုံးနဲ့ ဂိုးပေါက်တည့်အောင် သွင်းတတ်တယ်ဆိုရင် အံ့သြယုံနိုင်ဖွယ်လို့ ထင်ကြမယ်။

မြန်မာနိုင်ငံသားဟောင်း ၂၈ ဦးကို နိုင်ငံသားအဖြစ် ပြန်လည်လက်ခံမည်


အစိုးရသစ်လက် ထက် မြန်မာနိုင်ငံသားဟောင်းပြန် လည်လျှောက်ထားသူ ၅၅ဦးအနက် ၂၂ဦးနှင့် ယခင်အစိုးရ လက်ထက်မှ လက်ကျန်ခြောက်ဦး၊ စုစုပေါင်း ၂၈ဦး ကို မကြာမီမြန်မာနိုင်ငံသား အဖြစ် ပြန်လည်လက်ခံမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။


ဦးဝီရသူနဲ့ မဘသ ရခိုင်ပြည်သွားရောက်ချိန် စစ်တွေမှာ မီးလောင်မှု ဖြစ်ပွား

အမျိုးသားရေး အစွန်းရောက်ဟု နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ ဦးဝီရသူနဲ့ မဘသ အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို နေ့လယ်ပိုင်းက ရောက်ခဲ့ပြီး ဘူးသီးတောင် မောင်းတောမြို့တွေကိုပါ သွားဖို့ရှိတယ်လို့ သတင်းရချိန်မှာပဲ စစ်တွေမြို့မှာ ည ၈ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ/ အရှင် ပဏ္ဍဝံသ- 969