Pages

Tuesday, August 8, 2017

လမ်းသရဲမုန့် (ရေမုန့်) လုပ်စားကြရအောင်

မြန်မာနိုင်ငံက လူအများအကြိုက်တွေ့ကြတဲ့ အစားအသောက်တွေထဲမှာ ရေမုန့် ခေါ် လမ်းသရဲ မုန့်လည်း တခု အပါအဝင်ပါ။



ဒီလို လမ်းသရဲ မုန့်ကို နိုင်ငံခြားမှာ ရောက်နေကြသူတွေအတွက် အလွမ်းပြေအနေနဲ့ ဖြစ်ဖြစ် ကိုယ့် စိတ်ကြိုက် သန့်သန့်ရှင်းရှင်းနဲ့ ကိုယ့်အိမ်မှာပဲ အလွယ်တကူ လုပ်စားဖို့အတွက် အညွှန်းလေးပါ။

 မုန့်စပ်နည်း.. -

- ဆန်မုန့် စတီးဇွန်း ဇွန်း
- ကြက်ဥ လုံး
- ဂျင်း လက်တဆစ် ထောင်းပြီးအရည် ညစ်ထည့်ပါ။ ကျန်တဲ့အဖတ်ကိုလည်း ထည့်လို့ရပါတယ်။
- ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း တဝက်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ဆား/ ကြက်သားမှုန့် အားလုံးစပ်ပြီးရင် အထက်ပါဖော်ပြထားတာတွေကို သမအောင်မွှေလိုက်ပါ။

 ရေကို မပျစ်မကျဲ ဖျော်ရပါမယ်။ အရမ်းပျစ်ရင်လဲမကောင်းပါဘူး။

အားလုံးပြီးရင် တညလောက် ရေခဲသေတ္တာထဲ ထည့်ပြီး နှပ်ထားလိုက်ပါ။

ထည့်မယ့်အစာ..... ဂေါ်ဖီ/ ခရမ်းချည်သီး/ ငရုတ်သီးစိမ်း/ နံနံပင်/ ကြက်သွန်မိတ်/ မဆာလာ/ ဆား/ ကြက်သားမှုန့် အားလုံးကို ဖွဖွလေး နယ်ထားပေးပါ။

 ပဲပြုတ်ပါ ထည့်ရင်လည်း ရပါတယ်။

 မုန့်လုပ်တဲ့ အိုးက မကပ်တဲ့အိုးဖြစ်ရပါမယ်။

 စ လုပ်တော့မယ်ဆိုရင် မီးကိုဖွင့်ထားပါ။ အိုးကို မီးပေါ် မတင်ခင် မုန့်ရည် ထည့်ပါ။ အိုးပူနေလို့မရပါ။

ဆိုလိုတာက ဒယ်အိုး အေးနေတဲ့အချိန် မုန့်ရည်ကို လောင်းထည့်ပြီး လှည့်ပေးပါ ပြီးရင် အစာတွေထည့်ပြီး မီးဖိုးပေါ်တင်ပီး အပေါ်ယံကို ဆီသုတ်ပေးရပါမယ် အဖုံးအုပ်ပြီး ခဏလောက်ထားလိုက်ရင် ရပါပြီ။





                                                                        ဆန်မှုန့်ထုပ်


အိမ့်သံစဉ် ~ 








No comments:

Post a Comment