Pages

Sunday, July 16, 2017

ထူးဆန်းတဲ့ ကျောက်သားရုပ်တွေနဲ့ သျှီဝ နတ်ဘုရား

လောကမှာ ထူးဆန်းတာတွေက ရှိတတ်ကြစမြဲပါ။ တခါတရံ အဲဒီ ထူးဆန်းတယ်ဆိုတာတွေမှာလည်း သူ့နောက်ကျောင်း သမိုင်းရာဇဝင်တွေ၊ဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတတ်ပြီး တခါတရံ ခေတ်လူသားတွေရဲ့ စူးစမ်းမှုတွေနဲ့ ထူးခြားမှုတွေအဖြစ် ရှုမြင်တာလည်း ခံရတတ်ပါတယ်။




အခု မြင်တွေ့နေရတာ ဟိန္ဒူ နတ်ဘုရား တပါး ဖြစ်တဲ့ သျှီဝ နတ်ဘုရားနဲ့ပတ်သက်လို့ ဘုရားဖူတွေနဲ့ စည်ကားရာ ပူဇော်ပသရာ နေရာတခုပါ။

အိန္ဒိယနိုင်ငံ ကာရ်နာတာကပြည်နယ် ဥတ္တရ ကန္နာဒ ခရိုင်တွင်းက စီဆီလ် တာလုခ်ကနေ ၁၇ ကီလိုမီတာလောက် အကွာမှာ တည်ရှိပါတယ်။

တစုံတဦး သို့မဟုတ် ဒီထက်ပိုများတဲ့ အရေအတွက်ရှိတဲ့ သူတွေက ထုဆစ်ဖန်တီးထားတဲ့ ကျောက်သားတွေဟာ ထူးဆန်းစွာနဲ့ ထောင်နဲ့ချီတဲ့ ပုံစံအမျိုးမျိုးဖြစ်နေပြီး ရှာလ်မာလ မြစ်တွင်းမှာ အခုလို ရေကျချိန်ဆို မြင်တွေ့ကြရပါတယ်။

ဒါတွေကို Lingas လို့ ခေါ်ဝေါ်ပြီး သက္ကတ ဘာသာအရ ဆာ့ဟာ့စ်ရာ လင်န်ဂါ လို့ အမည်တွင်ပါတယ်။

 တကယ်တော့ ဒါတွေဟာ သျှီဝ နတ်ဘုရားရဲ့ သင်္ကေတပုံတွေဖြစ်ပြီး အဲဒီအပေါ် နို့ရည်လောင်းပြီး စီးကျလာတာကို အမျိုးသမီးတွေ သောက်သုံးရင် သားသမီးကောင်းထွန်းကားစေတယ်လို့ တချိန်က ဟိန္ဒူ ဘာသာဝင်တွေယုံကြည်စွာ သုံးစွဲခဲ့ကြပါတယ်။

 ဒီအပြင် အခုမြင်တွေ့နေရတဲ့ သျှီဝ နတ်ဘုရား ရဲ့သင်္ကေတ လင်ဂါ အရုပ်တွေအပေါ် တောင်ကျ ချောင်းရေတွေက ဖတ်သန်းစီးဆင်းလာကာ မြို့ ရွာတွေကိုရောက်လို့ လူတွေက သောက်သုံးရင် ရောဂါဘယ ကင်းဝေးတယ်လို့ ယုံကြည်မှုလည်း ရှိပါတယ်။

 


အိမ့်သံစဉ် ~




No comments:

Post a Comment