Pages

Saturday, July 15, 2017

ဗိုလ်မှူးချုပ်တဦးရဲ့ ယောက္ခထီးကျူးလွန်တဲ့ မုဒိန်းမှု

မြောက်ဥက္ကလာပ မြို့နယ်၊ မေဓာဝီ လမ်းပေါ်မှာဖွင့်ထားတဲ့ မေ နိုင်း အလှပြင်ဆိုင်မှာ လစာမပေးပဲ ခိုင်းစေခံထားရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ လိင်မှုကိစ္စ အကြိမ်ကြိမ်ကျူးလွန်မှုအပါအဝင် အခြားပုဒ်များများနဲ့ အသက် ၆၃ နှစ်ရှိ ဦးဌေးမြင့် ကို ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။



ဖြစ်စဉ်ကတော့ အခု ဇူလိုင်လ ၁၀ ရက်နေ့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးက ဦးဌေးမြင့်၏ နေအိမ် မှ ထွက်ပြေးခဲ့ရာ တက္ကစီသမားတဦးက အဝေးပြေးကားဂိတ်တွင်တွေ့ခဲ့ရာက မြောက်ဥက္ကလာ အဝိုင်းကြီးသို့ ပြန်ပို့ဆောင်ပေးခဲ့ပြီးနောက် အဆိုပါ မိန်းကလေးကို အမျိုးသမီးတဦးက ရဲစခန်းသို့ထပ်မံ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

 အဲဒီကတဆင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ရှင် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက လူပျောက်တိုင်ကြား ထားတာကြောင့် အဆိုပါ မိန်းကလေးအား အိမ်ပြန်ပို့ရန် ပြောဆိုရာတွင် ၁၅ နှစ်အရွယ်အဆိုပါမိန်းကလေး က အလှပြင်ဆိုင်သို့ မပြန်လိုကြောင်း ငိုယိုပြောဆိုခဲ့ပါတယ်။

 ဘာကြောင့် အလှပြင်ဆိုင်သို့ မပြန်လိုကြောင်း မေးမြန်းရာတွင် အဆိုပါ မိန်းကလေးက ၄င်း အလုပ်ရှင်၏ ဆိုင်တွင် တနှစ်ခွဲခန့်ကာလ အတွင်း ဆိုင်ရှင် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဦးဌေးမြင့်က ၄င်းအား ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမ ဆက်ဆံမှုအပါအဝင် နည်းမျိုးစုံ အဓမ္မပြုကျင့်မှုအကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ဆိုင်ရှင်အမျိုးသမီးနဲ့ ၄င်းတို့၏ သမီးဖြစ်သူ အား အကြိမ်ကြိမ် တိုင်ကြားကာ ရွာပြန်မည့်အကြောင်းပြောဆိုသော်လည်း မည်သို့မျှ ထူးခြားမှုမရှိခဲ့ကြောင်း၊ မွေးစားမည်ဆိုသည့် နုတ်စကားနှင့် အဆိုပါ အလှပြင်ဆိုင်တွင် ခိုင်းစေခဲ့ချိန်တွင်လည်း မည်သည့် လစာမျှ မပေးကြောင်း မိန်းကလေးငယ်က ပြောဆိုခဲ့တယ်လို့သိရပါတယ်။

 ဆိုင်ရှင်၏ ဦးဌေးမြင့်သမီးဖြစ်သူ၏ ခင်ပွန်းမှာလည်း လက်ရှိ တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူးနဲ့ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်းသိရပြီး ၄င်းအား ဖမ်းဆီးအရေးယူရေး တွန့်ဆုတ်နေသည့်အခြေအနေရှိနေခဲ့ကြောင်း သိရသည်။

သို့သော် အုပ်ချုပ်ရေးမှူးက အဆိုပါ အမှုကို တရားလို ပြုလုပ်ကာ မြောက်ဥက္ကလာရဲစခန်းတွင် တရားစွဲဆိုလိုက်ပြီးနောက် ပြစ်မှုကျူးလွန်သည်ဟု သံသယဖြစ်ခံရသူ အလှပြင်ဆိုင်ရှင်၏ ခင်ပွန်းဖြစ်သူ ဦးဌေးမြင့်အား ( ပ ) ၇၅၆/၁၇ ပုဒ်မ ၃၇၇ / ၃၅၄ / ၅၀၆ တို့ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။

 အဆိုပါ အသက်မပြည့်သေးသူ မိန်းကလေးအား အစိုးရ၏ ဂေဟာတခုတွင် လုံခြုံစွာ စောင့်ရှောက်ပေးထားကြောင်းလည်း သိရှိရပါတယ်။


 အိမ့်သံစဉ် ~



No comments:

Post a Comment