ကောက်ညှင်းဆန်ကို ပထမဦးစွာရေ ၃ နာရီလောက်ရေစိမ်ထားပေးပါ။
ပါဝင်ရမှာတွေကတော့..
ယိုဒယား အုန်းနို့ဗူး အသေး ၁ ဗူး
ကောက်ညှင်းဆန်
ဆန်ချိန်ခွက်၃ ခွက်။
ဆား အနည်းငယ်။
ဒယ်အိုးထဲသို့ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ထည့် ရပါမယ်။ ပြီးနောက် အုန်းနို့ဗူးကို ရေလက်တဆစ်ခွဲခန့် ရောပြီး ထည့်ပါ။
ဆီကို လက်ဖက်ရည်ဇွန်း
တဇွန်း ထည့်ရပါမယ်။ ဆားအနည်းငယ် ထည့်ပါ။
အားလုံးပြီးပြီဆိုရင်တော့ မီးဖွင့်ပြီး တည်ထားလိုက်ပါ။ မိနစ်၃၀ လောက်ဆို
အထက်အောက်လှန်ပေးပြီး မီးပိတ်လို့ရပါပြီ။
အနံအရသာကောင်းတဲ့ အုန်းပြန်ပေါင်းကို သုံးဆောင်လို့ရပါပြီ…..
ပဲပြုတ်လေးနဲ့
အကြော်စုံလေးနဲ့လည်း တွဲစားလို့ရပါတယ်။။
လွယ်ကူပြီ
လုပ်ရလွယ်တဲ့ အုန်းပြန်ပေါင်းကို လူတိုင်းလုပ်စားနိုင်ကြပါစေ။။
အိမ့်သံစဉ်