Pages

Tuesday, February 28, 2017

ဖွဲ့စည်းပုံ ပြင်လိုသူတွေကို မဘသ သတိပေး

ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်လိုသူတွေကို သတိပေးတဲ့ ဦးဝီရသူရဲ့သတင်းပါ။


Monday, February 27, 2017

ဦးဝီရသူ ကို ဖမ်းဆီးထိန်းသိမ်းတော့မယ်..

၂၀၁၂ ခုနှစ်က စတင်ပြီး အမျိုးသားရေး ခေါင်းစဉ်အောက်မှာ အစွန်းရောက်မျိုးချစ်တရားတွေနဲ့ အမုန်းစကားများ ဖြန့်ဝေမှု စဉ်ဆက်မပြတ်လုပ်ဆောင်လာနေတဲ့ မန္တလေး မစိုးရိမ် တိုက်သစ်က ဦးဝီရသူ ခေါ်  လူအမည် ဦးဝင်းခိုင်ဦးကို ဖမ်းဆီးထိန်းသိမ်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ ထိပ်တန်း အရာရှိ တဦးက ပြောလိုက်ပါတယ်။


ဦးကိုနီကို လုပ်ကြံတဲ့သူတွေကို ဦးဝီရသူက ကျေးဇူးတင်တယ်တဲ့...

ဒါကတော့ မန်းလေး က ဦးဝီရသူက သူ့ဖေ့စ်ဘုတ်ကနေ ဦးကိုနီကို သတ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့ကို ကျေးဇူးတင်ကြောင်း ရေးထားတဲ့ ပို့စ်ပါ။ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ ပရိသတ်တွေအတွက် ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။



Sunday, February 26, 2017

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မျိုးချစ်စိတ်ဆိုတာ

ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက လုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ မျိုးချစ်စိတ်လွန်ကဲပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မျိုးချစ်စိတ်ဆိုတာနဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပြောဆိုလိုက်ပါတယ်။



လုပ်သင့်လုပ်ထိုက်တာ မလုပ်ရဲသေးဘူး / ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခမ်းမမှာ ယနေ့ ကျင်းပပြုလုပ်တဲ့ ဦးကိုနီနဲ့ ကိုနေဝင်းတို့အား ၁ လ ပြည့် အနေနဲ့
ဂုဏ်ပြု အောက်မေ့ဘွယ်အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ မလုပ်ရဲသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟပြောဆိုသွားပါတယ်။


“ ဒေါ်အောင်ဆန်းစုကြည်၏ ဥာဏ်ပညာကို ချီးကျူးမိခြင်း"


( ယမန်နေ့ ) ယနေ့ ပြည်ထဲရေးက သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အစီရင်ခံစာက သမ္မတရုံးဝန်ကြီးဌာနကို
အရင်ရောက်ရှိမှာပါ။


Saturday, February 25, 2017

ဦးကိုနီ လုပ်ကြံခံရမှု ပြည်ထဲရေး သတင်းစာရှင်းလင်းပွဲ အသေးစိပ် အချက်အလက်များ

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကိစ္စ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ ဒိုင်ယာယီ/ ဘီဘီစီ မြန်မာပိုင်းက တင်ပြထားတာပါ။


ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သည့် CCTV ဗွီဒီယိုမှတ်တမ်း

ဆွေဝင်း/Myanmar Now ရန်ကုန် (Myanmar Now)—ဇန်န၀ါရီ ၂၉ ရက် ညနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကလေးငယ်တစ်ဦးကို ပွေ.ချီလျက် ဟိုဒီငေးမောနေသော ဦးကိုနီအား လူသတ်သမားဦးကြည်လင်းက တစ်လှမ်းခြင်းနောက်မှကပ်လိုက်လာပြီး နှစ်စက္ကန့်မျှသာကြာသော အချိန်အတောအတွင်း ဦးကိုနီ၏နောက်စေ့ကို သေနတ်ဖြင့်တေ့ချိန်ပြီး မိမိရရပစ်ချလိုက်သည်။


အာဏာမဲ့ ဖြစ်နေတဲ့ ပြန်ပေးဆွဲခံ အစိုးရလား

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ ခုနှစ် ဧပြီလမှာ ကျင်းပတဲ ကြားဖြတ်ရွေးကောက်ပွဲကို စတင်ဝင်ရောက်ခြင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဝင်ရောက်ပြီး လွှတ်တော်ထဲ ရောက်ခဲ့တယ်။
ကာတွန်း၊ ဟန်လေး

အမေး/ ကိုဆွေဝင်း၊ အဖြေ/ ပြည်ထဲရေး ဝန်ကြီး

"သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုဖြစ်တဲ့ တာမွေမြို့နယ်က မော်ဒန်လက်ဘက်ရည်ဆိုင်မှာ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင် တို့နဲ့အတူ လင်းဇော်ထွန်း မိုင်းဖြတ်ကြံခိုင်ရေးအမတ်တွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတော့ ဒီအမှုမှာ ပါဝင်ပတ်သက်မှု ရှိလားခင်ဗျာ"     (  ကိုဆွေဝင်း/သတင်းထောက်ရဲ့ မေးခွန်း) 


စမ်းစစ်ကြည့်ပါ- ပြည်ထဲရေး သတင်းစာရှင်းလင်းပွဲ စကားများ

“ဒီ လုပ်ကြံမှုမှာ ဇေယျာဖြိုးက မဘသ ဆရာတော်အချို့နဲ့ ရင်းနှီးမှုရှိခဲ့တယ် ဆိုပေမယ့် ဘုန်းကြီးက လူသတ်ခိုင်းမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဇေယျာဖြိုးနဲ့ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် အမတ်တချို့မိတ်ဆွေတွေ ဖြစ်နေပေမယ့် ဒီ လုပ်ကြံမှုမှာ ဘာမှ မပတ်သက်ကြောင်း စစ်ဆေးချက် အရ သိရတယ်။ အောင်ဝင်းဇော် ဖမ်းမိမှ
ဇေယျာဖြိုးနဲ့ သူတို့ ၂ ယောက် နောက်ကွယ်မှာ ဘာတွေထပ်ရှိနေမလဲ ဆက်ပြောနိုင်မယ်” လို့ ပြည်ထဲရေး
ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောလိုက်ပါတယ်။



Sound of My Pain ( ရုပ်/သံ)

သား/သမီး ရှိကြတဲ့ မိဘတိုင်း၊ မိဘ စိတ်ရှိကြသူတိုင်း ဒီ ဖြစ်ရပ်မှန်ရုပ်/သံလေးက ရင်ကို ကိုင်ဆွဲ လှုပ်ခတ်သွားစေမှာ မုချ မလွဲပါဘူး။ တဖက်ကလည်း သားသမီးချင်း ကိုယ်ချင်း မစာနာ၊ လူလူချင်း ရက်စက်ကြလေခြင်းဆိုပြီး ခံစားရတယ်။


Friday, February 24, 2017

ဦးကိုနီလုပ်ကြံခံရမှု ပြည်ထဲရေး၏ သတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာ

ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲကို မနက်ဖြန်မှာ ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်မှာ နံနက် ၉ နာရီမှာ စတင်ကျင်းပြပြုလုပ်မှာဖြစ်တယ်လို့သမ္မတရုံး ပြောခွင့် ရ ဦးဇော်ဌေးက သူ့ဖေ့စ်ဘုတ်မှာ ယနေ့ဖော်ပြပါတယ်။
ဒါဟာ ပထမဆုံး လုပ်မယ့် သတင်းစာရှင်းလင်းပွဲလည်းဖြစ်ပါတယ်။

မောင်လှမျိုး ( ချင်းချောင်းခြံ) နဲ့ အန္တာတိက ရေခဲပြင် ၂ ခြမ်းကွဲမှု ဆက်စပ်နေလား

မြန်မာနိုင်ငံက မောင်လှမျိုး ( ချင်းချောင်းခြံ) ရဲ့ ကဗျာဟာ အန္တတိက တိုက်အထိ ရိုက်ခတ်သလား ဒါမှ မဟုတ် အန္တာတိက တိုက်ကနေ မောင်လှမျိုး ( ချင်းချောင်းခြံ) ကို ရိုက်ခတ်တာလားဆိုတာကတော့ စဉ်းစားစရာပါပဲ။

လိပ်စာမှား ကိုကင်း ဂယက်

ရွှေပြည်သာ စက်မှုဇုန်ရှိ ကုမ္မဏီတစ်ခုတွင် ပြည်ပမှ ပို့လိုက်သော ကွန်တိန်နာတစ်ခု အတွင်း ကျပ်သန်းပေါင်း ၂ သောင်း ၁ ထောင်ကျော် တန်ဘိုးရှိ ကိုကင်း ကီလို ၂၀၀ ကို မနေ့က ထပ်မံတွေ့ခဲ့တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ ဖော်ပြပါတယ်။


ဦးနေဝင်းအား ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်ရွေးချယ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရှေ့နေ ဦးကိုနီအား သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်သူ ကြည်ဝင်းအား ဖမ်းမိရေးအတွက် အသက်ကို ပဓာနမထားပဲ အုတ်နီခဲဖြင့်ထု၍ အသက်ဆုံးရှုံးခဲ့ရသူ ဦးနေဝင်းအား ဇန်နဝါရီလ အတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။



Myanmar Idol, သားငယ်နဲ့ ဦးဝင်းဦးရဲ့ မမမိုး သီချင်း (ရုပ်/သံ)

ဒီတပတ် မြန်မာ အိုင်ဒေါ အစီအစဉ်မှာ တချိန်က နာမည်ကြီး အဆိုတော်လည်း ဖြစ် စွယ်စုံရ အနုပညာရှင် ဦးဝင်းဦးရဲ့ မမမိုး သီချင်းကို သားငယ်က သီဆိုဖျော်ဖြေသွားတာ ပရိသတ် ရင်ထဲ စွဲကိုင်လှုပ်သွားခဲ့ပါတယ်။
ဒါကြေင်းမနေ့ညက သားငယ်ရဲ့ည လို့ အမည်ကင်ပွန်းတပ်ရလောက်အောင် ပရိသတ်က အားပေးခဲ့ကြပါတယ်။


Thursday, February 23, 2017

လူစီး ဒရုန်းယာဉ်ပျံ စီးကြမယ်

၂၁ ရာစုမှာ သိပ္ဗံဆန်းသစ်တီထွင်မှုတွေက အံ့မခန်းပါ။ အခု ဖေဖော်ရီလ လယ်ပိုင်းက မိတ်ဆက်လိုက်တဲ့ ယာဉ်ပျံတခုကတော့ မြန်မာစာဖတ်ပရိသတ်တွေ အရမ်း စိတ်ဝင်စားနိုင်ပါတယ်။


Myanmar Idol နဲ့ စတီဗင်ဇော်ကြီး

ဖေ့စ်ဘုတ်အကျော် စတီဗင်ဇော်ကြီးတယောက် လူတကာပါးစပ်ဖျားက Myanmar Idol မြန်မာ အိုင်ဒေါလ်မှာ သီချင်းဆို ဝင်ပြိုင်ဖို့ အစီအစဉ် ရှိနေပုံရပါတယ်။


၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေအား ကြေးမုံသတင်းထောက် တောင်းပန်


၆၂ ခုနှစ် တက္ကသိုလ်ကျောင်းသား သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ ခေါ် ဦးအောင်သာ ပီသုံးလုံးကို ကြေးမုံသတင်းထောက် ကိုလတ် ( သတင်းစဉ်) က လာရောက်တောင်းပန်သွားတယ်လို့ သိရပါတယ်။


နဂါးလေး ကို ဖမ်းမိပြီ

ရန်ကုန်မြို့မှာ ရုပ်ရှင် အက်ရှင် ဇာတ်လမ်းလို လူဆိုနဲ့ ရဲ သူ ပစ်၊ ကိုယ်ပစ် ရင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ နဂါးလေး ခေါ် အောင်မြင့်နိုင် ကို ယနေ့ မနက်ပိုင်းက မင်းဘူးမြို့နယ်မှာ ဖမ်းဆီးရမိသွားပါပြီ။
ဓာတ်ပုံ၊ CD

Wednesday, February 22, 2017

ရေရှိနိုင်တဲ့ ကမ္ဘာဂြိုလ်သစ် ၇ လုံးတွေ့ရှိဟု နာဆာထုတ်ပြန်

ကျွန်ုတ်တို့၏ နေစင်္ကြာဝဠာပြင်ပ၊ ဒီ ကမ္ဘာမြေကနေ အလင်းနှစ် ၃၉ နှစ် အကွာအဝေးမှာ TRAPPIST-1 လို့အမည်ပေးထားတဲ့ ရေ ရှိနိုင်တဲ့ ကမ္ဘာဂြိုလ် ပမာဏအရွယ်အစား လောက်ရှိကြတဲ့ ဂြိုလ်သစ်ကြီး ၇ လုံးကို သိပ္ဗံပညာရှင်တွေ တွေ့ရှိထားပြီလို့ ဒီကနေ့ နာဆာက ကြေညာလိုက်ပါတယ်။

ဓာတ်ပုံများ၊ space.com

ဦးခင်ညွန့်၊ ဦးဝီရသူနဲ့ ဦးကိုနီအား လုပ်ကြံမှု ကွင်းဆက်များ

လွန်ခဲ့တဲ့ လ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စမှာ ပတ်သက်တဲ့ ကွင်းဆက်တရားခံလို့ ယူဆရသူများကို လက်ရှိ ဖမ်းဆီးစစ်ဆေးမှုများလုပ်နေရာ ယခင် ထောက်လှမ်းရေး အရာရှိဟောင်းများနဲ့ မဘသ တချို့ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။


ဂျပန် တိရိစ္ဆာန်ရုံမှာ နှင်းမျောက် ၅၇ ကောင်ကို ဆေးထိုးသတ်

ဂျပန်နိုင်ငံ မြောက်ပိုင်းက တိရိစ္ဆာန်ရုံတခုမှာ ဂျပန် နှင်းမျောက် ( Snow Monkeys) ကို ဆေးထိုးပြီး သတ်လိုက်ရပါတယ်။


Tuesday, February 21, 2017

ဒီစင်္ကြာဝဠာအပြင်က အသစ်တွေ့ရှိမှုတွေကိစ္စ နာဆာက သတင်းစာရှင်းလင်းပွဲ လုပ်မယ်

ကျမတို့ရဲ့ နေစင်္ကြာဝဠာ စနစ်ကြီးရဲ့ အပြင်ဘက်မှာ ထူးခြားတဲ့ ဂြိုလ်ကမ္ဘာသစ် ရှာဖွေတွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ တခမ်းတနား သတင်းစာရှင်းလင်းပွဲ တရပ်ကို ပြုလုပ်သွားဖို့ကြေညာလိုက်ပါတယ်။


ဂျိုလီနဲ့ ပင့်ကူ၊ ကင်းမြီးကောက် စတဲ့ ပိုးကောင်ဟင်းလျာများ ( ရုပ်/သံ)

မြန်မာပရိသတ်တွေ အသည်းစွဲ မင်းသမီး တလက်ဖြစ်တဲ့ အိန်ဂျလီနာဂျိုလီရဲ့ အသည်းယားစရာ ပိုးကောင်
တွေ ချက်ပြုတ်ကြော်လှော် စားသောက်ပြတဲ့ သတင်းတပုဒ်ပါ။


Monday, February 20, 2017

ကုလ ဆိုင်ရာ ရုရှားသံအမတ်ကြီး ရုတ်တရက်သေဆုံး

ကုလ သမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံရဲ့ သံအမတ်ကြီး မစ္စတာ Vitaly Ivanovich Churkin ဟာ ဒီကနေ့ တနင်္လာ
နေ့မှာ မမျှော်လင့်ပဲ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။


တင်းကြပ်တဲ့ လုံခြုံရေးတွေကို ကျော်ဖြတ်သွားပုံ

လူတစုက အလွန် တင်းကြပ်ပါတယ်ဆိုတဲ့ လုံခြုံရေး ဝန်ထမ်းတွေကို မျက်လှည့်ပညာနဲ့ လှည့်စားကျော်ဖြတ်သွားတဲ့ အဖြစ်ပါ။

ရုရှား စစ်အရာရှိတွေ မြန်မာ့လေတပ်မှာ ဘာလုပ်နေလဲ

မြန်မာနိုင်ငံက တိုက်လေယာဉ်မောင်းသူတွေကို ရုရှားနိုင်ငံက ကျွမ်းကျင်သူတွေက လာရောက် လေ့ကျင့်
သင်ကြားပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတချို့ ပေါ်ထွက်လာပါတယ်။

ဓာတ်ပုံ၊ menadefence.net

Father Land ဦးကျော်မြင့်ကို အလုပ်နဲ့ထောင်ဒဏ်တွေ ချမှတ်

Father Land ကုမ္မဏီပိုင်ရှင် ဦးကျော်မြင့်ကို လသာမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ်များ ဒီကနေ့
ချမှတ်လိုက်ပါတယ်။


မြန်မာနိုင်ငံက လူ ၅ သိန်းကျော်ကို အကူအညီပေးရေး ရံပုံငွေလိုအပ်နေ

မြန်မာနိုင်ငံက လူပေါင်း ၅ သိန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ရံပုံငွေအဖြစ်အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော် လိုအပ်လျှက်ရှိတယ်လို့ ကုလ အဖွဲ့အစည်းတခုဖြစ်တဲ့ UN-OCHA Myanmar က ထုတ်ပြန်ထားပါတယ်။


ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စ ပြန်ကြားရေးဝန်ကြီးနဲ့ အင်တာဗျူး

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး အတူတူ ခရီးသွားခဲ့သူ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်နဲ့ Myanmar Now တို့ အင်တာဗျူး ( လူတွေကို တုန်လှုပ်ချောက်ချားစေချင်တာကြောင့် လေဆိပ်ကို ရွေးချယ်တာလို့ ကောက်ချက်ချနိုင်တယ် )ဖစ်ပါတယ်။


မြောက်ကိုရီးယားသံတမန်ကို မလေးရှားဆင့်ခေါ်ပြီ

ကင်မ်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံက သံတမန်ဆက်ဆံရေး အားစမ်းမှုခြေတလှမ်း တက်လှမ်းလိုက်ပါတယ်။ ဘီဘီစီက ကြားဖြတ်သတင်းအရ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံတမန်ကို မလေးရှားနိုင်ငံ၊နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်လိုက်ပါတယ်။


မွန်ပြည်နယ် ဝန်ကြီးချုပ် အသစ် ဘယ်သူဖြစ်လာမလဲ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်စာတွေ အများအပြား လက်ခံရရှိပြီး စုံစမ်းစစ်ဆေးပြီးချိန်မှာ ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ပါတီ အကြီးအကဲတဦးဖြစ်တဲ့ ဦးဝင်းထိန်က ဒီကနေ့ပြောလိုက်ပါတယ်။ ဒီအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဘယ်သူဖြစ်လာမလဲလို့လူတွေက သိချင်နေကြပါတယ်။
ဓာတ်ပုံ၊ ဒေါက်တာအေးဇံ၏ ဖေ့စ်ဘုတ်စာမျက်နှာ

Jeep ကားချစ်သူတွေအတွက် Jeep Renegade

Jeep ကား ချစ်သူတွေအတွက် အခု ချက်သမ္မတနိုင်ငံမှာ Jeep ကားသစ် မိတ်ဆက်တာလေးအကြောင်းပါ။
ဂျစ်ကားဆိုတာ တောလမ်း၊ တောင်လမ်း လမ်းကြမ်းတွေအတွက် အလွန်အသုံးတည့်တဲ့ ကားမျိုးလည်း ဖြစ်တာ ကားချစ်သူတိုင်း သိပြီးဖြစ်မှာပါ။

ဓာတ်ပုံ- Jeep.cz

AGTI ပေါင်းကူး ပြန်လည် ခွင့်ပြု

AGTI တတိယနှစ် အောင်မြင်သူတွေထဲက ထူးချွန်စွာအောင်မြင်သူတွေအနေနဲ့ အဆင့်မြင့် သင်တန်းတွေကို ဆက်လက် တက်ရောက်သင်ကြားနိုင်ပါတယ်။


ကင်မ်ဂျုံနမ်ကို လေဆိပ်မှာ လုပ်ကြံသတ်ပုံ စီစီတီဗွီမှတ်တမ်း

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်၏ အဖေတူ အမေကွဲအကိုတော်သူ ကင်မ်ဂျုံနမ်ကို မလေးရှား နိုင်ငံကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်မှာ အမျိုးသမီး ၂ ဦးက အဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ် စီစီတီဗွီကို မလေးရှားရဲတွေက ထုတ်ပြန်လိုက်ပါပြီ။


Sunday, February 19, 2017

Thailand's Policy Towards Myanmar: A Way to Gain International Legitimacy

Here is very interesting paper about Thailand's Policy Towards Myanmar/ Burma.



Saturday, February 18, 2017

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နေပြည်တော်တွင် ခွဲစိတ်မှု အောင်မြင်

မြန်မာ နိုင်ငံရေး မြင်ကွင်းဇာတ်ခုံမှ ၂၀၁၀ ခုနှစ် နောက်ပိုင်း ပျောက်ကွယ်နေသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မျက်စိခွဲစိပ်မှု လုပ်ဆောင်ခဲ့ရာ အောင်မြင်ကြောင်း သိရပါတယ်။

ဦးသန်းရွှေ၊ ဓာတ်ပုံ၊ ဒေါက်တာ နေဇင်လတ် ဖေ့စ်ဘုတ်

အသံတိတ် လူသတ်သမား

အပေါ်သွေး၁၄၀ သို့မဟုတ် အောက်သွေး ၉၀ နှင့်အထက်ရှိနေသော လူတစ်ယောက်ကို သွေးတိုးရောဂါ
ရှိနေသည်ဟုဆိုနိုင်သည်။



NLD အစိုးရ အပြောင်းအလဲ လုပ်ဖို့ အစီအစဉ်ရှိ

အစိုးရအဖွဲ့အပြောင်းအလဲလုပ်ဖို့ရှိနေပြီး ပြည်နယ်တိုင်းဝန်ကြီးချုပ် နောက်တဦးလည်း အနားပေးဖို့ ရှိတယ်လို့ အန်အယ်လ်ဒီထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။


မွန်ပြည်နယ် ဝန်ကြီးချုပ် ဘာကြောင့် နုတ်ထွက်မယ်ပြော

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ရာထူးက နုတ်ထွက်မယ့် အကြောင်း သူ့ဖေ့စ်ဘုတ်မှာ တင်ခဲ့ပါတယ်။ ဒါပေမယ့် နုတ်ထွက်စာကို သမ္မတဆီထိ မတင်ရသေးပါဘူး။ တပတ်အတွင်း တင်သွားဖို့ရှိတယ်လို့လည်း သူက ဆိုပါတယ်။


မစ္စတာ ဘီးန် ကာတွန်း ဇာတ်လမ်းတွဲ ၂၀၁၇ (အပိုင်း ၃ )

မစ္စတာ ဘီးန် ကာတွန်း ဇာတ်ကောင်လေးရဲ့ ၂၀၁၇ ခုနှစ် ဇာတ်လမ်းတွဲ အပိုင်း ၃ ကို ဒီကနေ့တင်ပြပေး လိုက်ပါတယ်။

Friday, February 17, 2017

တရားခံပြေး အောင်ဝင်းခိုင် အဖမ်းခံရန် စဉ်းစားနေဟု ဆို

 ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ငွေ ကျပ် သိန်း ၁၀၀၀ ပေး၍ စေခိုင်းသူဖြစ်သည်ဟု သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည့် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အနေဖြင့် ဖမ်းဆီးခံရန် ပြင်ဆင်မှု တချို့ လုပ်ဆောင်နေကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ပြောဆိုနေတယ်လို့ သတင်းပေးလာပါတယ်။


မစ္စတာ ဘီးန် ကာတွန်း ဇာတ်လမ်းတွဲ ၂၀၁၇ (အပိုင်း ၂ )

မစ္စတာ ဘီးန်ကာတွန်းဇာတ်ကောင်လေးရဲ့ ၂၀၁၇ ခုနှစ် အကောင်းဆုံး ဇာတ်လမ်းတွဲ အပိုင်း ၂ ကို ဒီကနေ့တင်ပြပေးလိုက်ပါတယ်။

Thursday, February 16, 2017

တောင်ဒဂုံမြို့နယ်တွင် ရဲနှင့် လူဆိုးဂိုဏ်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

ယနေ့ညနေပိုင်းက ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ရဲတပ်ဖွဲ့က နာမည်ကြီး လူဆိုး နဂါးလေး ဝင်းနိုင် နှင့် အဖွဲ့အား ဝင်ရောက် စီးနင်း ဖမ်းဆီးရာတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရပါတယ်။


မစ္စတာ ဘီးန် ကာတွန်းဇာတ်လမ်းတွဲ၂၀၁၇ ( အပိုင်း ၁ )

မစ္စတာ ဘီးန် ကာတွန်း ဇာတ်ကောင်လေးရဲ့ဇာတ်လမ်းတွဲ ၂၀၁၇ ခုနှစ် အကောင်းဆုံး ဇာတ်လမ်းတွဲ အပိုင်း ၁ ကို ဒီကနေ့တင်ပြပေးလိုက်ပါတယ်။

Wednesday, February 15, 2017

မစ္စတာ ဘီးန် ကာတွန်း ဇာတ်လမ်းတွဲ (အပိုင်း ၄ )

မစ္စတာ ဘီးန် ကာတွန်း ဇာတ်လမ်းတွဲ အပိုင်း ၄ ကို ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။

ဦးကိုနီကို လုပ်ကြံခိုင်းသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကို တရုတ်နယ်စပ်မှာတွေ့ဟု ဆို

ဦးကိုနီကို လုပ်ကြံမှုတွင် ငွေကျပ် သိန်း ၁၀၀၀ ပေးပြီး ခိုင်းစေခဲ့သူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကို လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက တရုတ်နယ်စပ်မှာ မြင်တွေ့လိုက်ကြောင်း နယ်စပ်က အမည်မဖော်လိုသူ တဦးက သတင်းပေးလာပါတယ်။